##unicode
IBF Middleweight Championship ပွဲရဲ့ Zhou Shi ဟာ 4 နှစ်တာအတွင်းမှာ 16 wins နဲ့ 14 knockout အသီးသီးရရှိထားတဲ့ Champion ပဲဖြစ်ပါတယ်
သူ့မှာ အရမ်းကိုချစ်ရတဲ့ Mina ဆိုတဲ့ ဇနီးရှိပါတယ်
သူရဲ့ ဇနီးသည်ဟာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးလွယ်ထားရတာလည်းဖြစ်ပါတယ်
တစ်နေ့ ဂျပန်လက်ဝှေ့သမား Tanaka နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲမှာ Zhou Shi ဟာ ချန်ပီယံဖြစ်တဲ့အလျှောက် အနိုင်ရမယ်ဆိုတာ ကြိုတင်မှန်းဆထားကြပါတယ်
မှန်းဆထားကြတဲ့အတိုင်း အနိုင်ရခဲ့ပေမယ့် ပြိုင်ဘက် Tanaka ဟာ အပြင်းအထန်ဒဏ်ရာရပြီး လူကောင်းပြန်မဖြစ်နိုင်တော့သည်အထိ ထိခိုက်မှုတွေရသွားခဲ့ပါတယ်
အဲ့တာကို မကျေနပ်သူများက အဲ့ဒီပွဲည ZhouShi တို့ အောင်ပွဲခံကြတဲ့ နေရာထိ ဒုတ်တွေ သေနတ်တွေနဲ့ လာရောက်ရန်ရှာကြပါတယ်
အဲ့ဒီမှာ ZhouShi တို့ဘက်မှ ပြန်လည်ခုခံရင်း သေနတ်ဖြင့် လူသတ်မိသွားတဲ့အခါ ZhouShi တစ်ယောက် ထောင် ၆ နှစ်အကျခံလိုက်ရပါတော့တယ်
ထောင်ကျသွားပြီးနောက် ပြန်လွတ်လာတဲ့အချိန်မှာ သူ့ဇနီး Mina ဟာလည်း ယာဉ်တိုက်မှုနဲ့ ဆုံးသွားရှာပြီဆိုပြီး မထင်မှတ်ထားတဲ့ သတင်းကြားလိုက်ရပါတယ်
ကျန်ရှိခဲ့တဲ့သမီးလေး တစ်ယောက်ကိုလည်း ဂေဟာတစ်ခုမှာ အပ်ထားခဲ့ပါတယ်တဲ့
ZhouShi ဟာ လူ့လောကမှာ တစ်ဦးတည်းသာကျန်ရှိတော့တဲ့ သူ့ရဲ့သွေးသားရင်းချာသမီးလေးကို ပျိုးထောင်ဖို့ လက်ဝှေ့လောကကို စွန့်ခွာပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ရင်း ရုန်းကန်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်
ZhouShi အတွက်ကံဆိုးမှူတွေက မကုန်သေးသလိုပါပဲ
တစ်ဦးတည်းသော သမီးလေးမှာ မထင်မှတ်ထားတဲ့ ကံဆိုးမှုတွေထပ်ကြုံရပြီး သားအဖနှစ်ယောက်မှာ မဖြစ်မနေ ဝေးဖို့ကံကြမ္မာက ဖန်တီးလာတဲ့အခါမှာတော့……..
ဇာတ်လမ်းက ထပ်ပြောပြရရင် အကုန် spoil သလိုဖြစ်ကုန်တော့မှာပါ🥴
ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားအဖနှစ်ယောက်ကြားက သံယောဇဉ်တို့ကို သေချာလေးပုံဖော်ထားပြီး တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ကားလေးဖြစ်ပါတယ်🥺
ကလေးသရုပ်ဆောင်နေရာက ကလေးမလေးကလည်း တကယ်ကို သရုပ်ဆောင်ကောင်းပါတယ်
အရမ်းကြည့်ကောင်းတဲ့ကားလေးမလို့ ကြည့်ပေးပါအုံးနော်🥰
##zawgyi
Review – Chuu Chuu
File Size – 1.2GB
Format…mp4
Quality : 1080p WED-DL
Duration… 1h 17min
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chuu Chuu
Encoded by Arrow
Leave a Reply