##unicode
ဒီဇာတ်ကားကတော့ ၁၉၈၄ခုနှစ်ကတည်းကထွက်ပြေးတိမ်းရှောင်နေတဲ့ အိန္ဒိယနိုင်ငံမှာ
အလိုအရှိဆုံးဝရမ်းပြေး SukumaraKurupရဲ့ဘဝအကြောင်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး rating 8/10တောင်ရရှိထားတဲ့ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
လေတပ်အရာရှိကနေ ရာဇဝတ်မှုပေါင်းများစွာကိုကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားဖြစ်လာခဲ့တဲ့
Kurupရဲ့ဘဝအကြောင်းကို ဒီဇာတ်ကားမှာစိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ
မိဘတွေရဲ့တွန်းအားကြောင့် လေတပ်ထဲကိုဝင်ခဲ့ရတဲ့ Kurupဟာ သေကြောင်းကြံစည်ဟန်ဆောင်ပြီး
လေတပ်တစ်ခုလုံးကိုအယုံသွင်းခဲ့ပါတယ် အားလုံးသေသွားပြီလို့ထင်တဲ့အချိန်မှာ Kurupဟာ
နာမည်နှစ်မျိုးနဲ့ ဘဝနှစ်ခုကိုနေနေခဲ့ပါတယ် တစ်နေ့မှာတော့ အသက်အာမခံကြေးကိုလိုချင်လို့
ထပ်ပြီးတော့သေချင်ယောင်ဆောင်ဖို့ကြံစည်ခဲ့ပြန်ပါတယ် သူသေသွားပြီလို့ လူတွေထင်အောင် သူ့အရပ်၊
သူ့ခန္ဓာကိုယ်နဲ့တူတဲ့အလောင်းကို Kurupရှာပါတော့တယ် အဲဒီနောက် ကားမီးလောင်မှုနဲ့
ထပ်ပြီးတော့သေချင်ယောင်ဆောင်ခဲ့တဲ့ Kurupကို ရဲအရာရှိတစ်ယောက်က
သံသယဝင်သွားမိတဲ့အခါမှာတော့ Kurupရဲ့အလိမ်အညာဇာတ်လမ်းတွေ ဘယ်လိုပေါ်လာမလဲ
ဘယ်လိုလှည့်ကွက်တွေနဲ့ Kurupကရှောင်နေဦးမလဲ ဉာဏ်များတဲ့ Kurupမှာ
ဘယ်လိုအကြံအစည်တွေရှိလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရူအားပေးကြပါဦးနော်
။##zawgyi
ဘယ်လိုလှည့်ကွက်တွေနဲ့ Kurupကရှောင်နေဦးမလဲ ဥာဏ်များတဲ့ Kurupမှာ
Review – Hmue
File Size – 1.3GB,2.6GB
Format…mp4
Quality : 1080p WEB-DL,720p WEB-DL
Genre : Bio,Crime,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Leave a Reply