##unicode
Liftဆိုတဲ့ဇာတ်ကားကတော့ ဓာတ်လှေကားထဲမှာသရဲခြောက်ပုံတွေ အဆောက်အဦးထဲကထွက်မရအောင်
သရဲကလှည့်စားပုံတွေကို သည်းထိတ်ရင်ဖိုကြည့်ရူရမယ့်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဂုရုဆိုတဲ့ကောင်လေးဟာ ကုမ္ပဏီရုံးခွဲကို အဖွဲ့မှူးရာထူးအနေနဲ့ပြောင်းလာခဲ့ပါတယ်
အလုပ်စဝင်တဲ့ပထမဆုံးရက်မို့ ဘော့စ်ခိုင်းတာကိုမငြင်းနိုင်ဘဲ ရုံးမှာ ညမိုးချုပ်ထဲထိ တစ်ယောက်တည်းအလုပ်လုပ်နေခဲ့ရပါတယ်
အလုပ်ပြီးလို့ပြန်မယ်ဆိုတော့ ဓာတ်လှေကားကပျက်သွားပါတယ် အဆောက်အဦးထဲကထွက်မရဖြစ်နေပြီး တိုင်ပတ်နေတဲ့အချိန်မှာပဲ
HRဌာနက ဟာရီနီနဲ့ သူဆုံခဲ့ပါတယ် ဟာရီနီကလည်း သူ့လို့ပဲ မိတ္တုအခန်းထဲမှာရှိနေစဉ် အပြင်ကလော့ချသွားလို့ထွက်မရဖြစ်နေခဲ့တာပါ
ဟာရီနီနဲ့ဂုရုတို့ အဆောက်အဦးထဲကထွက်မရဘဲ တစ္ဆေခြောက်တာကိုခံခဲ့ရပါတယ် သူတို့ရဲ့တစ်ခုတည်းသောထွက်လမ်းက
ဓာတ်လှေကားပါ ဒီဓာတ်လှေကားက ပိုပြီးသရဲခြောက်နေတော့ ဘယ်လိုမျိုး အဆောက်အဦးထဲကထွက်နိုင်အောင်ကြိုးစားကြမလဲ
ဘယ်လိုသည်းထိတ်ရင်ဖိုဖြစ်ရပ်တွေနဲ့ကြုံရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 2.4GB,1GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Horror,Drama,Mystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Leave a Reply