##unicode
ဒီတစ်ခေါက်မှာတော့ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းလေးနဲ့အိန္ဒိယကားလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ဆာဗီနာဟာအပြေးအားကစားသမားတစ်ယောက်ဖြစ်ပေမယ့်
ခြေထောက်ဒဏ်ရာကြောင့်ပြိုင်ပွဲကနေအနားယူလိုက်ရပါတယ် စိတ်ဓာတ်ကျပြီးကိုယ့်ကိုယ်ကိုသတ်သေခါနီး
အချိန်မှာဆက်သရာဆိုတဲ့ကောင်လေးကကယ်လိုက်ပြီးနှစ်ယောက်သားချစ်သူဖြစ်သွားကြပါတယ်
ဒါပေမယ့်ဆက်သရာဟာလောင်းကစားဝါသနာကြီးသူဖြစ်ပြီးအမြဲတမ်းလည်းလောင်းကစားလုပ်ရင်း
ပြဿနာဖြစ်လေ့ရှိသူပါ တစ်နေ့မှာတော့သူ့ရဲ့ဘော့စ်လူမိုက်ခေါင်းဆောင်ကသိန်း ၅၀ ပါတဲ့
အထုပ်တစ်ထုပ်ကိုသွားပို့ခိုင်းပါတယ် ဆက်သရာတစ်ယောက်ဟာလောင်းကစားဝါသနာပါ
သူပီပီဒီငွေနဲ့လောင်းကစားလုပ်ပြီးအမြတ်ထုတ်ဖို့လုပ်ပါတယ်
ကံဆိုးစွာဘဲဆက်သရာတစ်ယောက်ငွေထုပ်ကိုဘတ်စ်ကားပေါ်မှာပျောက်သွားပါတော့တယ်
ဆက်သရာတစ်ယောက်ကြံရာမရနဲ့လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ကိုဓားပြသွားတိုက်ရင်းနဲ့ပဲ
သေနတ်ပစ်ခံရပြီးသေသွားပါတယ် ဒါပေမယ့်ထူးဆန်းတာကဆာဗီနာတစ်ယောက်အချိန်တွေ
ရှေ့ကိုပြန်ရောက်သွားတာပါ ပြောရမယ်ဆိုရင်ဆက်သရာမသေခင်အချိန်စက်ဝိုင်းအတွင်းမှာပိတ်မိနေတာပေါ့
ဆာဗီနာတစ်ယောက်ဆက်သရာကိုအချိန်နဲ့ယှဉ်ပြိုင်ပြီးဘယ်လိုကယ်တင်သွားမလဲ
အချိန်စက်ဝိုင်းထဲကနေလွတ်မြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
##zawgyi
တင်ဆက်ပေးလိုက်ပါတယ်
Review – Phyu Sin
File Size – 1.2GB,2.4GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Comedy, Action,Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Leave a Reply