The Maze Runner ရဲ့ ပင်တိုင်စံမင်းသား Dylin O’Brienရယ်၊ Iron Fist က မင်းသမီးချောလေး Jessica Henwick ရယ်၊ Gurdians of the Galaxy ထဲက ယွန်ဒူး တဖြစ်လဲ Michael Rooker ရယ်…
ဇာတ်လမ်းကကောင်းသလား ဆိုတော့…..အညွှန်းနည်းနည်းအရင်ဖတ်ကြည့်လိုက်။
ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်လုံးထိုးဆင်းလာတယ်။ အဲဒါကို ကမ္ဘာပေါ်ကလူတွေကြိုသိထားတော့ ဥက္ကာခဲေရာက်မလာခင်မရရတဲ့နည်းနဲ့ တားကြမယ်ပေါ့။ ရှိသမျှနိုင်ငံ၊ ရှိသမျှလူ၊ ရှိသမျှနည်းပညာတွေနဲ့ ဒုံးကျည်တွေထွင်ပြီး ရောက်အံ့ဆဲဆဲဥက္ကာခဲကိုတားကြတယ်။ ဥက္ကာခဲကြေမွသွားတယ်။ ဟပ်ချလောင်းပေါ့….။
တကယ်တော့ဇာတ်လမ်းက ဒီမှာမှ စတာပါ။ လူတွေ နည်းလမ်းမျိုးစုံနဲ့ ထွင်ထားတဲ့ ဒုံးကျည်မျိုးစုံက ဥက္ကာခဲကို ဖြိုအပြီးမှာ အပိုင်းအစတွေ အကျွင်းအကျန်တွေက လူတွေနေတဲ့ကမ္ဘာပေါ်ကိုပြန်ကျလာတယ်။
ပြီးတော့ အဲဒီအကျွင်းအကျန်တွေကနေ ကပ်ကျန်နေတဲ့ ဓာတုပစ္စည်းတွေက အင်းဆက်ပိုးမွှားတွေကို ဧရာမအကောင်ကြီးတွေဖြစ်အောင်ဗီဇပြောင်းပေးလိုက်ပါရောလား။
အကုန်ငါးပါးမှောက်ကုန်တာပေါ့။ ဒီလိုနဲ့ သန္ဓေပြောင်းလာတဲ့ အင်းဆက်အကောင်ကြီးတွေက မင်းမူ၊ နေရာအနှံ့ကိုခြယ်လှယ်၊ လူသားတွေက စစ်အင်အားသုံးပြီး
ပြန်တိုက်နဲ့ လုံးချာလည်လာလိုက်တာလူသားမျိုးနွယ်ရဲ့ ၉၅% နှုန်းလောက်သေသွားကုန်တဲ့အထိပဲ။
ကျန်နေတဲ့လူတွေကတော့ အသက်ကိုဖက်နဲ့ထုပ်ပြီး ရရာ ကတုတ်ကျင်း၊ လှိုင်ဂူ၊ မြေအောက်ခန်းတွေမှာ ပြေးပုန်းေနကြရတယ်။ ၇နှစ်လောက်ကြာသွားတယ်။
ဒီလိုနဲ့… တစ်ခုသော ဗန်ကာ(ကတုတ်ကျင်း) လေးထဲမှာ လူတစ်စုနဲ့ စုနေနေတဲ့ ဂျိုး ဆိုတဲ့ကောင်လေးတစ်ယောက်
အချိန်အကြာကြီး ကွဲကွာနေခဲ့ရတဲ့ ရည်းစားဦးနဲ့ရေဒီယိုကနေ အဆက်အသွယ်ပြန်ရလာတဲ့အခါမှာ
သူဟာ ရုတ်တရက်ဆိုသလို ကောင်မလေးဆီကို ပြေးတွေ့ဖို့ အာသီသပြင်းပြလာပါတော့တယ်။
ဒီလိုနဲ့ မဖြစ်ဖြစ်အောင်သွားမယ်ဟေ့ ဆိုပြီး အထုပ်ကိုဆွဲ ၊ မြေအောက်ကတုတ်ကျင်းလေးထဲကနေ ထွက်လာလိုက်တဲ့အချိန်မှာတော့….
ပျော့ညံ့ညံ့ကောင်လေးမလို့ အဖွဲ့သားတွေက အစာတွေ ရှာထွက်တဲ့အခါမှာ တစ်ခါမှအပြင်ခေါ်မသွားဖူးလို့ အပြင်မရောက်ဖူးတဲ့သူ၊
အပြင်လောကမှာ အသက်ရှင်ရုန်းကန်ဖို့ နည်းလမ်းတွေကို နကန်းတစ်လုံးမှ မသိတဲ့သူ၊ ထိတ်လန့်စရာတွေတွေ့ရင်
ပုံမှန်ထက် မှင်သက်ပြီးကြောင်သွားတတ်တဲ့သူက အချစ်အားကိုးနဲ့ ဘယ်လိုခရီးဆက်မလဲ…
ဘယ်လိုအကောင်ကြီးတွေနဲ့တွေ့ပြီး ဘယ်လိုတွေ သေပြေးရှင်ပြေး ပြေးနေရမလဲ…
ဘယ်လိုလူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ဘယ်လိုရသတွေကို ပေးစွမ်းမလဲ ဆိုတာကိုတော့…..
လုံးဝကို မမြင်ဖူးသေးတဲ့ တင်ဆက်ပုံအသစ်အဆန်းရယ်၊ ဟာကွက်မရှိတဲ့ ကွန်ပျူတာ CGI တွေရဲ့ အကောင်ပလောင်ကြီးတွေရယ်၊
7.1/10 အထိတောင် IMDB မှတ်ချက်ကောင်းရထားတာတွေရယ်ကြောင့် မဖြစ်မနေကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။
ဟာသ၊ စွန့်စားအက်ရှင်ပုံစံမျိုးဖြစ်တာမို့ပေါ့ပေါ့ပါးပါးလည်းရှိပါတယ်။
သြော်… ပြီးတော့ ဇာတ်လမ်းထဲမှာပါတဲ့ အဓိက ဇာတ်ကောင်လေးတစ်ကောင်ကို မပြောဘဲ ထိန်ချန်ထားပေးခဲ့တယ်နော်။
ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ အိမ်မှာပဲနေကြပါ။
မဖြစ်မနေအပြင်ထွက်ဖို့လိုရင်လည်း လက်ဆေးတာ ၊ခြောက်ပေအကွာခွဲနေတာတွေကို တစ်သဝေမတိမ်းလိုက်နာပေးကြပါ။
ကိုဗစ်ကာလကို စည်းကမ်းတွေလိုက်နာရင်း အတူတူကျော်ဖြတ်ကြပါစို့။
(အညွှန်းနဲ့ ဘာသာပြန်သူကတော့ လူချောလေးကျွန်တော် သဲသွေးပါ)
Review – Thae Thway
File Size – 1.3GB
Format…mp4
Quality : 1080p WEB-DL
Duration…1h 49min
Genre : Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thae Thway
Encoded by Arrow
Leave a Reply