##unicode
အိန္ဒိယရဲ့ ဟိန္နူ၊ မူစလင်ဘာသာရေးပရိပက္ခတွေကြားမှာ ဒီလိုဘာသာရေးမတူညီဘဲချစ်မိကြတဲ့
လူငယ်စုံတွဲတွေရဲ့သနားစရာဇာတ်လမ်းတွေနဲ့ မိသားစုဝင်တွေရဲ့အမုန်းတရားတွေကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်လို့
ဒီဇာတ်ကားကတော့ ကြည့်လို့ကောင်းနေဦးမှာပါ မင်းသားက Vikrant Massey နဲ့ မင်းသမီးက Sanya Malhotraပါဝင်သရုပ်ဆောင်ထားပြီး
နာမည်ကြီးတွေရဲ့ဇာတ်ကားလည်းဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဟိန္နူကောင်မလေးနဲ့ မူစလင်ကောင်လေးချစ်ကြိုက်မိကြတယ် ဟိန္နူကောင်မလေး ဂျိုတီရဲ့မိသားစုက
လွှတ်တော်အမတ်ရဲ့မိသားစု အာဏာရှိတယ် ငွေရှိတယ်ပေါ့ ဒါကြောင့် ဂျိုတီကိုညှင်းပန်းနှိပ်စက်လွန်းတဲ့အတွက် ဂျိုတီဟာ
သူ့ချစ်သူ မူစလင်ကောင်လေး အာရှူးနဲ့ထွက်ပြေးလာခဲ့ပါတယ် တရားရုံးက သူတို့နှစ်ယောက်ကိုလက်ထပ်ခွင့်ပြုခဲ့ပြီး
လုံခြုံတဲ့အိမ်တစ်အိမ်မှာထားပေးခဲ့ပါတယ် အဲဒီအိမ်မှာ အခြားသူတို့လိုစုံတွဲတွေနေပြီး အဆောင်တစ်ခုလိုဖြစ်နေခဲ့တာပေါ့
အဲဒီအိမ်က အစောင့်ရဲတွေရဲ့အကျင့်ပျက်ယုတ်မာမှုတွေကိုလည်း သူတို့မှာခံရရှာတယ် သူတို့ကိုလိုက်သတ်ချင်နေတဲ့
မိသားစုတွေရဲ့အန္တရာယ်ကိုလည်းကြောက်ရပြန်တယ် ဒီလိုအခက်အခဲတွေကြားက သူတို့ရဲ့အချစ်ဇာတ်လမ်းလေး
ဘယ်လိုဖြစ်လာမလဲဆိုတာကြည့်ရမယ့် thriller အချစ်ဇာတ်ကားကောင်းဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်နော်
##zawgyi
Review – Hmue
File Size – 900MB,2GB
Format…mp4
Quality :,720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Leave a Reply