Exit print mode Print Data A+ A- Undo all

Luangda Mahaheng (2019)

Luangda Mahaheng (2019)Luangda Mahaheng (2019)

Synopsis:

ဇာတ်လမ်းလေးကတော့ခုပ်အီရွှေဆိုတဲ့ရွာလေးတစ်ရွာက ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ဇာတ်လမ်းလေးကိုအခြေတည်ထားပါတယ် ။

လူတွေရဲ့ဘဝဆိုတာ မနေ့ကရယ် ဒီနေ့ရယ် မနက်ဖြန်ရယ် ၃ရက်ပဲရှိတယ်ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ ဆရာတော်မှာ
မွေးစားသားလိုစောင့်ရှောက်ပေးရတဲ့ကပ္ပိယ ၃ယောက်ရှိတယ်…
တွန့်ကလ ၊ လုန် ၊ စငုပ်

ဒုက္ခိတအိုက်တွန့်ကဒုက္ခိတပေမယ့် ထီလက်မှတ်လှည့်ရောင်းရင်းဆရာတော်နဲ့ကူပြီးနေတယ် ။
အိုက်စငုပ်ကတော့ရိုးသားပြီးသနားတတ်ကြတဲ့ရွာသားတွေကို သနားအောင်မျက်မမြင်ယောင်ဆောင်ပြီးထီလှည့်ရောင်းတယ် ၊

ရွာသားတွေမှာလဲချဲ၂လုံး ၃လုံးကို အသဲအသန်ထိုးကြတဲ့အကျင့်လေးတွေလဲရှိကြတယ် ၊
ဒီလိုနဲ့ရွာသားတွေဟာ ဆရာတော်က ချဲဂဏန်းပေးတဲ့ဘုန်းကြီးတစ်ပါးမဟုတ်တာတောင်
ဆရာတော်ရဲ့နှုတ်ထွက်စကားအပြုအမူတွေတိုင်းမှာ ချဲဂဏန်းပေးပါတယ်ဟေ့ဆိုပြီးဂဏန်းကောက်ကြတယ်
ရွာလုံးကျွတ်ထိုးကြတယ်
ထိုးတိုင်းလဲပေါက်ကြတော့ဆရာတော်ဟာဘုမသိဘမသိ ချဲဘုန်းဘုန်းရယ်လို့ဖြစ်လာခဲ့ပါတော့တယ် ။

တစ်ရွာလုံးကချဲဘုန်းဘုန်းနောက်လိုက်ဂဏန်းကောက်ကြ ပေါက်လို့ပျော်ကြပေမယ့်
ရဲနဲ့စစ်သား သားတွေမွေးထားတဲ့ချဲဒိုင်မိန်းမနှစ်ယောက်ကတော့ ချဲဘုန်းကြီးဂဏန်းဆိုအရှုံးပေါ်လွန်းလို့ ချဲထွက်တဲ့နေ့တိုင်း ဆရာတော်ကိုမျက်မုန်းကျိုးမေတ္တာတွေပို့နေခဲ့ကြတဲ့နောက် ….

ဆရာတော်မရှိတော့ရင်ကောင်းမယ်ဆိုပြီး အတွေးတွေဝင်ပြီးဆရာတော်ကိုဘယ်လိုပုံစံဘယ်လို နှောင့်ယှက်ကြဦးမလဲဆိုတာတွေကို ဟာသနှောပြီးရိုက်ကူးထားပါတယ် ။

Comedy movie လေးဖြစ်ပြီး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလဲ ဟာသကားတွေထဲသရုပ်ဆောင်နေကြသူတွေပဲမို့ မရယ်ရမှာတော့စိတ်ပူမနေပါနဲ့တော့ ….

ထိုင်းဟာသကားကြိုက်တဲ့သူတွေအတွက်ဒီကားက လက်မလွှတ်သင့်တဲ့ movie လေးပါပဲ ။

Original title
Release Date
Rated
Runtime
2hr
Awards
Country
Budget
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 104
Revenue
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 110
Popularity
Status
ID IMDb.com
IMDB Rating
5..0
IMDB votes
254468
ID Themoviedb.org
TMDb Rating
TMDb votes