##unicode
ဒီတစ်ခါ အိန္ဒိယအချစ်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်လမ်းကတော့ ထူးထူးဆန်းဆန်းချစ်သူနှစ်ယောက်ရဲ့သေဆုံးမှုနောက်ကွယ်က
အကြောင်းရင်းတွေကိုဖော်ထုတ်တဲ့အကြောင်းပဲဖြစ်ပါတယ်
ဒီတော့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းလေးကို ဒရာမာဆန်ဆန်ကြည့်ရမှာပါ
ဂျွန်နီဆိုတဲ့ကောင်လေးက မိဘမရှိတော့တဲ့ ပန်းချီဆရာလေးတစ်ယောက်ပဲဖြစ်ပါတယ်
အသက်ဆယ်နှစ်အရွယ်တုန်းက သူ့အဖေဆုံးသွားပြီးနောက် သူ့အမေကပါ မနာမကျန်းဖြစ်ပြီးဆုံးသွားခဲ့ပါတယ်
ဒါကြောင့်သူကအရမ်းကိုစိတ်ထိခိုက်ခဲ့ရပြီး သေတာတွေမြင်ရရင်ကြောက်တဲ့ရောဂါလိုမျိုးကြောက်စိတ်ကလည်း
သူ့ဆီမှာအမြစ်တွယ်နေပါတယ် တစ်ရက်ကျတော့ သူ့ဘဝထဲကို နီဟာဆိုတဲ့ကောင်မလေးဝင်လာပါတယ်
နီဟာက သုတေသနလုပ်ဖို့ သူနေတဲ့မြို့ကိုရောက်လာတာပါ နီဟာရဲ့ဦးလေးက သူမကိုထိပါးရိပါးလုပ်ဖူးပါတယ်
ဒါကြောင့် သူမဦးလေးအိမ်မှာ မတည်းချင်ပါဘူး ဒီလိုနဲ့ ဂျွန်နီရဲ့အိမ်ကိုနီဟာရောက်ပါတော့တယ်
ပြီးတော့ သူတို့က အရမ်းချစ်ကြတဲ့ချစ်သူဖြစ်လာခဲ့ကြတယ်
ဒါပေမဲ့ကံဆိုးကြတဲ့ချစ်သူနှစ်ဦးဟာ သေဆုံးခဲ့ရပါတယ်
ဒါဟာလူသတ်မှုလား ကိုယ့်ကိုကိုယ်သတ်သေမှုလားဆိုတာကိုတော့
ပဟေဠိဆန်ဆန်စောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်လို့ညွှန်းပေးလိုက်ရပါတယ်
##zawgyi
review – Hmue
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre :Drama, Mystery, Romance
Subtitle : Myanmar Subtitle (hardsub)
Translated by Hmue
Encoded by Arrow
Leave a Reply