(သီချင်းတွေကော အားပါးတရဘာသာပြန်ထားပေးပါကြောင်း )
##unicode
ဒီကားမှာတော့ Aditya Roy Kapoor(Malang မင်းသား),Abhishek Bachchan (အမီတာဘဂျမ်းသား),Fatima Sana Shaikh,Sanya Malhotra တို့ပါတော့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ
လူဆိုးဂိုဏ်းတစ်ခုနဲ့ဆက်စပ်နေမိတဲ့ လူလေးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတဲ့ကားပါ။
ဇာတ်လမ်းအကျဉ်း
လူတွေရဲ့ဘဝက Ludo ကစားနည်းတစ်ခုလိုပဲ။
အံစာတုံးခေါက်ပြီးတော့ ကျရာနေရာကို သွားရတတ်တယ်။
ဒီဇာတ်ကားမှာတော့ Akashဆိုတဲ့ ကောင်လေးက သူ့ကောင်မလေးနဲ့အတူနေတဲ့ ဗီဒီယိုတစ်ခုက အပြာကားဝက်ဆိုက်ဒ်တစ်ခုပေါ်ကိုရောက်သွားခဲ့ပါတယ်။
သူ့ကောင်မလေးကလဲ နောက်၅ရက်နေရင် လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်တော့မှာမို့
ဒီWebsiteကနေဗီဒီယိုကို ဖျက်ဖို့လူဆိုးဂိုဏ်းတစ်ခုနဲ့ဆက်သွယ်ခဲ့တယ်။
Bittu ဆိုတာက Sattuဆိုတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ညာလက်ရုံးဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ကမိန်းကလေးတစ်ယောက်ကိုလက်ထပ်ပြီးတော့ လူဆိုးဂိုဏ်းကနှုတ်ထွက်ဖို့ကြိုးစားခဲ့တာကြောင့်
Sattuသူ့ကို ထောင်ထဲမှာ၆နှစ်လောက်နေရအောင်ထောင်ချောက်ဆင်ခဲ့တယ်။
Bittuထောင်ထဲကထွက်လာတော့ သူ့မိန်းမနဲ့သမီးလေးကိုတွေ့ဖို့ လိုက်ရှာဖို့ကြိုးစားပါတော့တယ်။
Aaluကတော့ သူ့တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ကောင်မလေးPinkyကလက်ထပ်သွားတောင်တာမှ အဝေးကနေစောင့်ရှောက်ပေးနေသူဖြစ်တယ်။တစ်နေ့Pinkyယောကျာ်းကလူသတ်မှုနဲ့စွပ်စွဲခံရလို့ Pinkyက Aaluကိုအကူအညီလာတောင်းခံခဲ့တယ်။Rahulကတော့ ပုံမှန်ဘဝနဲ့ဆင်းရဲ့တဲ့အရောင်းဝန်ထမ်းတစ်ဦးဖြစ်တယ် ။
အိပ်စရာအိမ်မရှိလို့ လမ်းဘေးတဲလေးတစ်ခုမှာ အိပ်နေတုန်းမှာ လူဆိုးဂိုဏ်းတစ်ခုရဲ့ လူသတ်နေမှုကိုမြင်သွားပြီးတော့ အဲ့လူဆိုးဂိုဏ်းရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။
ဒီလိုနဲ့ အရှုပ်အထွေးတွေကနေ သူတို့တွေဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးကြပါအုံး။
##zawgyi
ဇာတ်လမ်းအကျဉ်း
Review – Myet Chel
File Size – 1.3GB,2.4GB
Format…mp4
Quality : 1080p WEB-DL,720p WEB-DL
Duration…2h 29min
Genre :Action, Comedy, Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin,Myet Chel
Encoded by Arrow
Leave a Reply