##unicode
ဒီတစ်ခေါက်မှာတော့ အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဆစ်ဒူဟာဆွာသီဆိုတဲ့ကောင်မလေးကို ကမ်းခြေမှာတွေ့တွေ့ချင်းပဲ သဘောကျသွားခဲ့ပါတယ်
ဖြစ်ချင်တော့ဆွာသီဟာ သူတို့ဘေးအိမ်ကအိမ်နီးချင်းရဲ့ဆွေမျိုးဖြစ်နေတဲ့အတွက် ဆစ်ဒူ့အတွက်တော့ဂွင်တွေ့သွားတာပေါ့
ဒါပေမယ့်ဆစ်ဒူတစ်ယောက် ချစ်ခွင့်ပန်မယ့်အချိန်မှာပဲ ဆွာသီဟာသူ့ရဲ့ရွာမာချာလာကိုပြန်သွားခဲ့တယ်လို့သိခဲ့ရပါတယ်
ဆစ်ဒူလည်း သူ့ရဲ့အချစ်ခရီးလမ်းကိုဆက်ဖို့အတွက်ဆွာသီ့နောက်ကိုလိုက်သွားခဲ့တာပေါ့ ဒါပေမယ့် သူ့ရဲ့အချစ်ခရီးလမ်းဟာမထင်မှတ်ဘဲ
အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့လမ်းဖြစ်သွားခဲ့ပါတယ် ဘာလို့လဲဆိုတော့မာချာလာရွာလေးဟာ ရာဂျာပါဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့
လူတစ်ယောက်ရဲ့လက်အောက်မှာထိန်းချုပ်ခံနေရတာနှစ်ပေါင်း ၃၀ တောင်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့သူမှန်သမျှဟာ အမြဲတမ်း
ရက်ရက်စက်စက်အသတ်ခံရမြဲဖြစ်ပါတယ်
ဆွာသီ့ရဲ့အစ်ကိုဟာလည်း ရာဂျာပါသတ်ဖြတ်တာကိုခံလိုက်ရတာဖြစ်ပြီး ဆွာသီဟာဒီအမှုကိုတရားရုံးကိုတင်နိုင်ဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်
ဒါကြောင့်ဆွာသီဟာ ရာဂျာပါရဲ့ပစ်မှတ်ဖြစ်လာတာပေါ့ မာချာလာကိုရောက်လာတဲ့ဆစ်ဒူက သူ့ကောင်မလေး ဆွာသီကို ဘယ်လိုကယ်တင်သွားမလဲ
နှစ်ပေါင်းများစွာချုပ်ကိုင်လာခဲ့တဲ့ရာဂျာပါကို ဆစ်ဒူတစ်ယောက်ဘယ်လိုတွေရှင်းလင်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1.2GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply