##zawgyi
ဇာတ်လမ်းကတော့
##unicode
နာမည်ကြီးမင်းသားGerard Butler ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားလေးဟာ တောင်ဆူဒန် မိဘမဲ့ကလေးတွေကို စောင့်ရှောက်ခဲ့တဲ့
အမေရိကန်နိုင်ငံသား Sam Childers ရဲ့ Another Man’s War စာအုပ်ကိုအခြေခံထားတဲ့ ကားလေးလည်း ဖြစ်ပါတယ်…
ဇာတ်လမ်းကတော့
Sam ဟာ ဆိုင်ကယ်သမားလူမိုက်ဂိုဏ်ဝင်ဖြစ်ပြီး ပြစ်မှုနဲ့ထောင်ကျပြီး ပြန်လွတ်လာတဲ့အခါ
သူ့ဇနီး က ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသွားတာ သိလိုက်ရတဲ့ အတွက် အလွန်ဒေါသထွက်
ပြီး သူ့ရဲ့ သူငယ်ချင်း Donnie နဲ့ အ ရင်လို ဆက်မိုက်နေရင်း တစ်ညမှာ လူတစ်ဦး ကို သတ်မိသွားပါတယ်
လူသတ်မိသွားတဲ့ဆမ်ဟာ သူ့ဇနီးနဲ့အတူ ဘုရားကျောင်းကို လိုက်သွားပြီး နှစ်ခြင်းကယ်တင်ခြင်းကို ရရှိခဲ့တယ်…
နောက်ပိုင်းအချိန်တွေမှာတော့ သူဟာ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ တည်တည်ငြိမ်ငြိမ်လုပ်ကိုင်ခဲ့ပြီး
မြောက်ပိုင်းယူဂန်ဒါမှာရှိတဲ့ ဒုက္ခသည် များ၏အိမ်တွေကို ဆောက်လုပ် ဖို့အကြောင်းဖန်လာပါတော့တယ် ..
.နောက်တော့ SPLAအဖွဲ့ဝင်တစ်ဦးနဲ့ တောင်ဆူဒန် ကို သွားရောက်လေ့လာခဲ့တဲ့အခါမှာတော့အလွန်အမင်း စစ်ဘေး
ဒုက္ခခံနေရတဲ့ လူတွေ အထူးသဖြင့်ကလေးတွေကို တွေ့ပြီး မိဘမဲ့ဂေဟာတစ်ခုကို ဆောက်လုပ်ခဲ့တယ်
သူ့ရဲ့နိုင်ငံမှာလည်း သူဟာ ဘုရားကျောင်း တစ်ခုဆောက်လုပ်ခဲ့ပြီး
လူတွေကိုတရားဟောနေခဲ့တယ် ဒီလိုနဲ့ တစ်ဖက်မှာတရားဟောဆရာ
တစ်ဖက်မှာ တောင်ဆူဒန် ကလေးတွေရဲ့ကယ်တင်ရှင်စက်သေနတ်တရားဟောဆရာ(Machine gun preacher)အဖြစ်ကျော်ကြားလာခဲ့ပါတယ်…
နောက်ပိုင်းမှာတော့ သူဘယ်လို အခက်အခဲတွေ ကြုံတွေ့ရအုန်းမလဲ ဆိုတာ
ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ပါအုံး
.နောက်ပြီး Sam နဲ့ Donnie သူငယ်ချင်း နှစ်ဦး ရဲ့ မေတ္တာတွေကလည်း သင့်ကို အကြိုက်တွေ့စေမှာပါ…
Review – Aye Htut Ko
File Size – 1.1GB, 1.6GB
Format…mp4
Quality : 1080p Blu-ray ,720p Blu-ray
Duration…
Genre :Action, Biography, Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aye Htut Ko
Encoded by Arrow
Leave a Reply