IMDb rating : : 5.2/10
အထူးရဲတပ်ဖွဲ့က Mahankali ဟာ မစ်ရှင်တွေနဲ့ပြည့်နေတဲ့ လူတစ်ယောက်ဖြစ်တယ်။ သူက Hyderabad မြို့ဟောင်းမှာရှိတဲ့ ကြေးစားလူမိုက်တွေ ဂန်းစတားတွေကို
အပြတ်ရှင်းချင်ခဲ့တယ်။
အဲ့မြို့ဟောင်းမှာလှုပ်ရှားနေတဲ့ ဂန်းစတားအုပ်စုကြီးနှစ်ခုရှိတယ်။ သူ့ကိုယ်သူ သရဖူမရှိတဲ့ဘုရင်လို့ သတ်မှတ်ထားပြီး ဒူဘိုင်းကနေလှန်းထိန်းချုပ်နေတဲ့ Harshad နဲ့ Harshad ရဲ့လက်အောက်မှာ အလုပ်လုပ်ရင်းနဲ့ အာဏာရလာတော့ ဒူဘိုင်းကနေထွက်ပြေးပြီး Hyderabad မြို့မှာ ဂိုဏ်းတစ်ဂိုဏ်းလာထောင်တဲ့ Naik. Mahankali ရဲ့စိတ်ထဲမှာ စွဲနေတာက အဲ့ဒီဂိုဏ်းနှစ်ခုလုံးကို ရှင်းပစ်ဖို့ပဲ အဲ့ဒါကြောင့်သူက အခါအခွင့်ကြုံတဲ့အချိန်တိုင်း တွေ့တဲ့ ရာဇဝတ်ကောင်တွေ မှန်သမျှကို ပစ်သတ်ခဲ့တယ်။
ဒါပေမဲ့ အားကြီးတဲ့သူက အားနည်းတဲ့ သူကို အနိုင်ရစမြဲပဲ။ သူဟာ အပြစ်မရှိတဲ့သူကို သတ်ပါတယ်လို့စွပ်စွဲခံရပြီး ထောင်ကျသွားခဲ့တယ်။ ထောင်ကနေလွတ်အောင် သူဟာဂိုဏ်းခေါင်းဆောင်နှစ်ယောက်ထဲက တစ်ယောက်ဆီကနေ အကူအညီယူခဲ့ရပြီး အဲ့ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့ရတယ်။ အဲ့ဂိုဏ်းခေါင်းဆောင်က ဘယ်သူဖြစ်မလဲ။
သူရဲ့ဆန္ဒဖြစ်တဲ့ Hyderabad မြို့မှာရှိတဲ့ လူဆိုးတွေ ဂန်းစတားတွေကို အပြတ်ရှင်းမယ်ဆိုတဲ့ မစ်ရှင်ကကော အောင်မြင်သွားလားဆိုတာကို ကြည့်ကြရမှာပါ . .
Leave a Reply