(App only)
(free ကြည့်ချင်တဲ့သူတွေလဲ app ကနေဝင်ကြည့်လို့ရပါတယ်)
##unicode
MGR MAGAN ဇာတ်ကားမှာတော့ Raviရဲ့ အဖေဖြစ်သူက ရွာသားတိုင်း လေးစားကြတဲ့ တိုင်းရင်းဆေးဆရာတစ်ယောက်ဖြစ်ပေမဲ့
Raviကတော့ အလောလိုက်နေတဲ့ လူငယ်တစ်ယောက်သာဖြစ်ပါတယ်။
သူ့အဖေက Raviကိုရှေ့နေတစ်ယောက်ဖြစ်အောင်ပျိုးထောင်ခဲ့ပေမဲ့ Raviဟာ စာမေးပွဲကျခဲ့တာကြောင့်
သူ့အဖေက သူ့ကိုအိမ်ကမောင်းထုတ်လိုက်တယ်။Raviကလဲ သူ့နာမည်နဲ့ပုံ သတင်းစာခေါင်းကြီးပိုင်းမှာပါလာပြီး အောင်မြင်တဲ့အထိ
အိမ်ထဲမဝင်ဘူးလို့ကျိန်ဆိုကာ ဦးလေးAgniနဲ့အတူ အိမ်ကထွက်ကာ အိမ်ရှေ့နွားတင်းကုပ်မှာဘဲ နေခဲ့တယ်။
၁၅နှစ်ကြာသွားတာတောင် Raviတစ်ယောက် သတင်းစာခေါင်းကြီးပိုင်းမှာ မပါလာနိုင်ခဲ့သလို အိမ်ထဲလဲမဝင်ရဘဲ
အဖေနဲ့ဆက်ဆံရေးကလဲ ဆိုးရွားနေမြဲသာဖြစ်တယ်။တိုင်းရင်းဆေးဆရာကြီး Raviရဲ့အဖေဟာ သူတို့မျိုးရိုးစဉ်ဆက်
လူတွေကိုကုသေပေးနေတဲ့ ဆေးရွက်တွေရှိတဲ့တောင်ကုန်းကို လူချမ်းသာKRTက ဖျက်စီးဖို့လုပ်နေတာကြောင့်
တရားစွဲကာအမှုရင်ဆိုင်နေသူပါ။
လူချမ်းသာ KRTကတော့ Raviရဲ့အဖေကို သတ်ပစ်လိုက်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာတော့ Raviတစ်ယောက်
၁၅နှစ်လုံးဆက်ဆံရအဆင်မပြေခဲ့တဲ့ သူ့အဖေကိုကာကွယ်ပေးမလား။သူကျိန်ဆိုခဲ့သလိုရော သတင်းစာခေါင်းကြီးပိုင်းမှာ
ပါလာပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 2.5GB,1.3GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama.Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply