##unicode
ဒီတစ်ခါတော့ Netflix ကတင်ဆက်ပေးထားတဲ့ Mile Stone (မိုင်တိုင်)ဆိုတဲ့ အိန္ဒိယကားလေးတင်ပေးပါ့မယ်။
ဂါလီဆိုတဲ့ ထရပ်ကားမောင်းတဲ့ ကားဆရာကြီးအကြောင်းကို ရိုက်ကူးထားတာပါ။
ထရပ်ကားတွေအများကြီးနဲ့ ကုန်တင်ကုန်ချလုပ်ငန်းမှာ သူကအငှားကားသမားပေါ့။
ကားမောင်းလာတဲ့ သက်တမ်းကလည်းကြာသလို အသက်ကလည်းကြီးလာပြီ။ သူတို့လုပ်ငန်းက ကုန်တင်ကုန်ချအလုပ်သမားတွေက
လုပ်အားခတိုးပေးဖို့ ဆန္ဒပြပြီး အလုပ်မဆင်းပဲနေကြတော့ ကားသမားတွေက ကုန်တွေကိုကိုယ်တိုင်တင်နေ၊ ချနေရတော့တယ်။
ဒီလိုနဲ့ သူ့ကျောမှာလည်း ဒဏ်ဖြစ်လာတာပေါ့။ သူနဲ့အတူတူ ကားမောင်းသက်တမ်းကြာပြီဖြစ်တဲ့ သူငယ်ချင်းကလည်း
ညဘက်အမြင်မကောင်းတော့တဲ့အတွက် အလုပ်ကနေအထုတ်ခံလိုက်ရတယ်။ သူ့မိန်းမကလည်း ရုတ်တရက်ဆုံးပါးသွားခဲ့တယ်။
အဲအချိန်မှာပဲ အလုပ်သင်ဝန်ထမ်းအသစ်လေးတစ်ယောက်ကို လေ့ကျင့်သင်ကြားပေးဖို့ သူဌေးက သူ့ကိုတာဝန်ပေးခဲ့ပါတော့တယ်။
ဂါလီဆိုတဲ့ ကားသမားအဖိုးကြီးတစ်ယောက်အကြောင်းကို တစ်စိမ့်စိမ့်တွေးရင်း ကြည့်ကြရမယ့်အပြင်
ဇာတ်သိမ်းသွားတဲ့အခါလည်း တွေးစရာလေးတွေကျန်ခဲ့မယ့် အေးအေးလေးနဲ့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။
##zawgyi
ဒီတစ္ခါေတာ့ Netflix ကတင္ဆက္ေပးထားတဲ့ Mile Stone (မိုင္တိုင္)ဆိုတဲ့ အိႏၵိယကားေလးတင္ေပးပါ့မယ္။
ဂါလီဆိုတဲ့ ထရပ္ကားေမာင္းတဲ့ ကားဆရာႀကီးအေၾကာင္းကို ႐ိုက္ကူးထားတာပါ။
ထရပ္ကားေတြအမ်ားႀကီးနဲ႔ ကုန္တင္ကုန္ခ်လုပ္ငန္းမွာ သူကအငွားကားသမားေပါ့။
ကားေမာင္းလာတဲ့ သက္တမ္းကလည္းၾကာသလို အသက္ကလည္းႀကီးလာၿပီ။ သူတို႔လုပ္ငန္းက ကုန္တင္ကုန္ခ်အလုပ္သမားေတြက
လုပ္အားခတိုးေပးဖို႔ ဆႏၵျပၿပီး အလုပ္မဆင္းပဲေနၾကေတာ့ ကားသမားေတြက ကုန္ေတြကိုကိုယ္တိုင္တင္ေန၊ ခ်ေနရေတာ့တယ္။
ဒီလိုနဲ႔ သူ႔ေက်ာမွာလည္း ဒဏ္ျဖစ္လာတာေပါ့။ သူနဲ႔အတူတူ ကားေမာင္းသက္တမ္းၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းကလည္း
ညဘက္အျမင္မေကာင္းေတာ့တဲ့အတြက္ အလုပ္ကေနအထုတ္ခံလိုက္ရတယ္။ သူ႔မိန္းမကလည္း ႐ုတ္တရက္ဆုံးပါးသြားခဲ့တယ္။
အဲအခ်ိန္မွာပဲ အလုပ္သင္ဝန္ထမ္းအသစ္ေလးတစ္ေယာက္ကို ေလ့က်င့္သင္ၾကားေပးဖို႔ သူေဌးက သူ႔ကိုတာဝန္ေပးခဲ့ပါေတာ့တယ္။
ဂါလီဆိုတဲ့ ကားသမားအဖိုးႀကီးတစ္ေယာက္အေၾကာင္းကို တစ္စိမ့္စိမ့္ေတြးရင္း ၾကည့္ၾကရမယ့္အျပင္
ဇာတ္သိမ္းသြားတဲ့အခါလည္း ေတြးစရာေလးေတြက်န္ခဲ့မယ့္ ေအးေအးေလးနဲ႔ေကာင္းတဲ့ ဇာတ္လမ္းေကာင္းေလးတစ္ပုဒ္ပါ။
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama
Subtitle : Myanmar Subtitle (hardsub)
Translated by Yue Liang
Encoded by Arrow
Leave a Reply