Mortal Kombat လို့ မြင်လိုက်တာနဲ့တင် mortal kombat ဂိမ်းကို တန်းမြင်မိမှာပါ။ ဟုတ်ပါတယ် ဒီကားက mortal kombat ဂိမ်းကို အခြေခံပြီးရိုက်ထားတဲ့ ကားလေးပါ။ ဇာတ်ကားက နှစ်ကားရှိတာပါ။ Mortal kombat (1995) နဲ့ ယခု Mortal Kombat Annihilation (1997) ဆိုတဲ့ နှစ်ကားအပြင် Mortal Kombat series ဆိုပြီးရှိပါသေးတယ် ။
ဒီဇာတ်လမ်းကတော့ Imdb rating အနေနဲ့ကတော့ 3.7/10 (36,811) ပဲရရှိထားတာဖြစ်ပေမဲ့ ဇာတ်ကားကကောင်းပါတယ်။ Mortal kombat (1995) ကားမှာတော့ လျှူကန် ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ပြိုင်ပွဲတွေ အများကြီးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရတဲ့ အခန်းပါ။ အခု ဒီ 1997 ကားထဲမှာလဲ ကမ္ဘာကြီးကို ထပ်မံကယ်တင်ရမှာပါ။
ကမ္ဘာကြီးကို လျှူခန် လို့ခေါ်တဲ့ မသမာသူက ကမ္ဘာကြီးကို ၇ ရက်နဲ့တင် အပြီးသိမ်းမှာပါ။ အဲ့ဒီ ၇ ရက်မတိုင်ခင်ကို လျှူကန် ဟာ ကမ္ဘာကြီးကို သူ့ရဲ့ ဆရာဖြစ်တဲ့ ရေးဒန် နဲ့ တခြားသောသူရဲကောင်းတွေနဲ့အတူကယ်တင်ရမှာပါ အဲ့လို ကယ်တင်ဖို့ကို သူတို့တွေ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမယ်၊ ဘယ်လိုမျိုးကယ်တင်မယ်ဆိုတာကိုတော့……..
Credit Review
Leave a Reply