Most Dangerous Game (2020)
==========================
အိမ်ခြံမြေဆောက်လုပ်ရေးအသိုင်းအဝိုင်းမှာတော့ ဒေါ့ချ်ဟာ အရမ်းကို နာမည်ကြီးတဲ့လူငယ်တစ်ယောက်ပါ။ တစ်ရက်ကျတော့ ဒေါ့ချ်က ဆောက်လုပ်ရေးတစ်ခုမှာ ပိုက်ဆံတွေ အများကြီးကို ပုံအောလိုက်ပါတယ်။ ပုံအောတာမှာထည့်စရာပိုက်ဆံမရှိတော့တဲ့ အပြင်ကို အာမခံတွေပါ ထုတ်ပြီးထည့်လိုက်ပါတယ်။ ကံဆိုးချင်တော့ ဘယ်ရင်းနှီးမြုပ်နှံသူမှ ဒီမပြီးမပြတ်သေးတဲ့ အဆောက်အဦးမှာ ငွေမထည့်ချင်ကြပါဘူး။
ဒီလိုနဲ့ ငွေထည့်ပေးမဲ့ ကုမ္ပဏီတွေလဲ မရှိတော့ အကြွေးတွေတင်နေတဲ့ ဒေါ့ချ်တစ်ယောက်က မီးဖွားတော့မဲ့မိန်းမအတွက် ပူဆွေးနေရပါတော့တယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ဒေါ့ချ်တစ်ယောက် မနက်ပိုင်းထပြေးရင်းကနေ မူးလဲသွားပါတယ်။ ကင်ဆာဖြစ်နေတယ်ဆိုတာကို သိလိုက်တဲ့အချိန်မှာတော့ အာမခံလဲမရှိတော့တဲ့အတွက် ဆေးကုဖို့လဲမဖြစ်နိုင်တော့ပဲ သေမဲ့အချိန်ကိုသာ စောင့်ရပါတော့တယ်။
မီးဖွားမဲ့အမျိုးသမီးကို အကြွေးတွေနဲ့ထားခဲ့ရတော့မလိုဖြစ်နေတော့ နောက်ဆုံးမရတဲ့အဆုံးမှာ သူ့ရဲ့ အသက်ကိုလောင်းကြေးထပ်ပြီး ပြိုင်ပွဲတစ်ခုဝင်ပြိုင်ပါတော့တယ်။ အသက်ကိုလောင်းကြေးထပ်ရတဲ့ ပွဲဖြစ်တဲ့အတွက် အချိန်မရွေးသေသွားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နည်းနဲ့မဆိုသေမဲ့အတူတူ ပိုက်ဆံတွေချန်ထားခဲ့လို့ရမဲ့ ပြိုင်ပွဲကို ဝင်ကစားပြီး ဒေါ့ချ်တစ်ယောက် အချိန် ၂၄နာရီကို ဘယ်လိုပြေးလွှားမလဲဆိုတာတော့ …
Leave a Reply