Exit print mode Print Data A+ A- Undo all

Mr. Zoo: The Missing VIP

Mr. Zoo: The Missing VIPMr. Zoo: The Missing VIP

Synopsis:

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါ

အမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 10/6.1ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီ

း တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။

လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။

သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။

တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။

တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။

အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။

တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။

တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လို

ပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။

ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့

တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။

Original title
Mr. Zoo: The Missing VIP
Director
N/A
Stars
N/A
Release Date
22 Jan 2020
Rated
N/A
Runtime
N/A
Awards
N/A
Country
N/A
Budget
USD $0,00
Revenue
USD $0,00
Popularity
2.433
Status
Released
ID IMDb.com
tt11566166
IMDB Rating
N/A
IMDB votes
N/A
ID Themoviedb.org
572197
TMDb Rating
6.8
TMDb votes
4