##zawgyi
မူလန္အႀကည္ထြက္တာေလးေတြ႔လိုအျမန္ဆံုးဘာသာျပန္ျပီးတင္လိုက္ပါတယ္
(ေလာေလာဆယ္ေတာ့ 720p တင္ထားပါတယ္ 1080p ထပ္ထြက္ရင္လဲ ထပ္ update ေပးပါ့မယ္)
ဒီတစ္ခါေတာ့ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ Mulan ဇာတ္ကားေလးကို တင္ဆက္ေပးလိုက္ပါတယ္။
ဒီကားထဲမွာ တ႐ုတ္မင္းသမီးေခ်ာေလး Liu Yifeiက ေခ်ာေမာလွပၿပီးရဲရင့္တဲ့ “မူလန္”အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
အဲ့ဒီ့ေခတ္အခ်ိန္အခါက မိန္းမေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ အရည္အေသြးေကာင္းေတြအမ်ားႀကီး လိုပါတယ္…တည္ၿငိမ္ရမယ္ ရင့္က်က္ရမယ္ က်က္သေရရွိရမယ္ စသျဖင့္ေပါ့…ဒါေပမယ့္ မူလန္ေလးကေတာ့ ငယ္ငယ္ေလးကတည္းက အဲဒီ့စံသတ္မွတ္ခ်က္ေတြနဲ႔ဆန္႔က်င္ဘက္ျဖစ္ခဲ့တာေၾကာင့္ ပတ္ဝန္းက်င္ရဲ႕ရႈံ႕ခ်မႈခံရၿပီး မိခင္ျဖစ္သူကလဲမၾကည္ျဖဴခဲ့ပါဘူး။
သူ႔ရဲ႕သြက္လက္ဖ်တ္လတ္တဲ့ အက်င့္စ႐ိုက္ေၾကာင့္ အိမ္ေထာင္ဖက္ရွာတဲ့ေနရာမွာလဲအဆင္မေျပခဲ့ျပန္ပါဘူး။
ေျမာက္ပိုင္းက်ဴးေက်ာ္သူေတြကိုႏွိမ္နင္းဖို႔အတြက္ အိမ္ေထာင္စုတိုင္းကေယာက်ာ္းသားတစ္ေယာက္စီ စစ္မႈထမ္းဖို႔အမိန္႔က်လာတာေၾကာင့္ မက်န္းမာတဲ့ဖခင္ကိုယ္စား ေယာက်ာ္းေလးေယာင္ေဆာင္ၿပီး စစ္တပ္ထဲဝင္ခဲ့တဲ့အခါမွာေတာ့…
ဇာတ္လမ္းအက်ဥ္းေလးကေတာ့ အားလုံးသိၾကၿပီးသားဆိုေပမယ့္ animationကို live actionျပန္႐ိုက္ထားတဲ့အတြက္ ၾကည့္ရႈရတာပိုအသက္ဝင္ၿပီး ၾကည့္လို႔လဲေကာင္းပါတယ္။ဒီဇာတ္ကားေလးက အရင္ၾကည့္ရႉဖူးတဲ့ဇာတ္လမ္းနဲ႔ ဘယ္လိုေတြကြာျခားသြားၿပီး စိတ္ေက်နပ္မႈရွိမရွိဆိုတာကေတာ့ ကိုယ္တိုင္ခံစားၾကည့္ရႈၿပီး ဆုံးျဖတ္ၾကဖို႔တိုက္တြန္းလိုက္ရပါတယ္…
##unicode
မူလန်အကြည်ထွက်တာလေးတွေ့လိုအမြန်ဆုံးဘာသာပြန်ပြီးတင်လိုက်ပါတယ်
(လောလောဆယ်တော့ 720p တင်ထားပါတယ် 1080p ထပ်ထွက်ရင်လဲ ထပ် update ပေးပါ့မယ်)
ဒီတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ Mulan ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားထဲမှာ တရုတ်မင်းသမီးချောလေး Liu Yifeiက ချောမောလှပပြီးရဲရင့်တဲ့ “မူလန်”အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
အဲ့ဒီ့ခေတ်အချိန်အခါက မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အရည်အသွေးကောင်းတွေအများကြီး လိုပါတယ်…တည်ငြိမ်ရမယ် ရင့်ကျက်ရမယ် ကျက်သရေရှိရမယ် စသဖြင့်ပေါ့…ဒါပေမယ့် မူလန်လေးကတော့ ငယ်ငယ်လေးကတည်းက အဲဒီ့စံသတ်မှတ်ချက်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့တာကြောင့် ပတ်ဝန်းကျင်ရဲ့ရှုံ့ချမှုခံရပြီး မိခင်ဖြစ်သူကလဲမကြည်ဖြူခဲ့ပါဘူး။
သူ့ရဲ့သွက်လက်ဖျတ်လတ်တဲ့ အကျင့်စရိုက်ကြောင့် အိမ်ထောင်ဖက်ရှာတဲ့နေရာမှာလဲအဆင်မပြေခဲ့ပြန်ပါဘူး။
မြောက်ပိုင်းကျူးကျော်သူတွေကိုနှိမ်နင်းဖို့အတွက် အိမ်ထောင်စုတိုင်းကယောကျာ်းသားတစ်ယောက်စီ စစ်မှုထမ်းဖို့အမိန့်ကျလာတာကြောင့် မကျန်းမာတဲ့ဖခင်ကိုယ်စား ယောကျာ်းလေးယောင်ဆောင်ပြီး စစ်တပ်ထဲဝင်ခဲ့တဲ့အခါမှာတော့…
ဇာတ်လမ်းအကျဉ်းလေးကတော့ အားလုံးသိကြပြီးသားဆိုပေမယ့် animationကို live actionပြန်ရိုက်ထားတဲ့အတွက် ကြည့်ရှုရတာပိုအသက်ဝင်ပြီး ကြည့်လို့လဲကောင်းပါတယ်။ဒီဇာတ်ကားလေးက အရင်ကြည့်ရှူဖူးတဲ့ဇာတ်လမ်းနဲ့ ဘယ်လိုတွေကွာခြားသွားပြီး စိတ်ကျေနပ်မှုရှိမရှိဆိုတာကတော့ ကိုယ်တိုင်ခံစားကြည့်ရှုပြီး ဆုံးဖြတ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်…
Review – Nina
File Size – 1GB
Format…mp4
Quality : 720p Webrip
Duration…1h 55min
Genre :Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel & Nina
Encoded by Arrow
Leave a Reply