##unicode
ဒီတစ်ခေါက်မှာတော့အားလုံးအပန်းဖြေကြည့်ရှုနိုင်ဖို့အတွက် “Mummies” ဆိုတဲ့ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
သီချင်းတွေလည်းနားထောင်လို့ကောင်းပြီးတော့ ဇာတ်လမ်းလေးကလည်းစိတ်ဝင်စားဖို့ကောင်းတာကြောင့် ပျင်းရမှာမဟုတ်ပါဘူး
ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးဟောင်းအီဂျစ်မံမီတွေရဲ့မြို့တော်မှာနေထိုင်တဲ့ မင်းသမီးလေးဟာသီချင်းဆိုရတာကိုဝါသနာပါတဲ့သူဖြစ်ပေမယ့်
သူ့ရဲ့မြို့တော်မှာသူ့ရဲ့အစွမ်းအစတွေကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ပိုင်ခွင့်မရှိတဲ့သူပါ ထွတ်ကတော့ရထားလုံးမောင်းနှင်သူဟောင်းတစ်ယောက်ဖြစ်ပေမယ့်
လက်ရှိမှာတော့အနားယူထားပြီး သူ့ကိုအားပေးတဲ့သူတွေကိုလက်မှတ်ထိုးပေးရင်းအချိန်ကုန်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့မင်းသမီးလေးအတွက် ကြင်ယာတော်ရွေးပေးမယ့်ဖီးနစ်ငှက်ကထွတ်ကို ကြင်ယာတော်အဖြစ်ရွေးချယ်ပေးလိုက်ပါတယ်
သူတို့နှစ်ယောက်လက်ထပ်ပွဲအတွက်ဖာရိုဘုရင်ကြီးကထွတ်ကို တော်ဝင်လက်စွပ်ချီးမြှင့်ထားတာပေါ့ ဒါပေမယ့်အဲဒီလက်စွပ်ကို
ရှေးဟောင်းသုတေသနပညာရှင်ဖြစ်တဲ့ လူသားကမ္ဘာက လော့ကနာဘီကခိုးသွားခဲ့ပါတယ် ဒါကြောင့် ထွတ်ရယ်၊ ထွတ်ရဲ့ညီလေးစေကန်ရယ်နဲ့
မင်းသမီးတို့သုံးယောက်ဟာ လူသားကမ္ဘာကို လက်စွပ်ရှာဖို့ စွန့်စားခန်းထွက်လာရပါတော့တယ်
သူတို့သုံးယောက်ကျယ်ပြန့်တဲ့လူသားကမ္ဘာမှာ ဘယ်လိုအတွေ့အကြုံအသစ်တွေရမလဲ၊ သူတို့လိုက်ရှာနေတဲ့လက်စွပ်ကိုရော
အဆုံးမှာရှာတွေ့သွားမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Leave a Reply