Unicode
ဟာသကားကောင်းကောင်းကြည့်ချင်သူတွေ ဒီကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ Jumanji ထဲကစဟာသ မင်းသား Jack Black ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ နာချိုဆိုတဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ဖတ်တီးလေးဟာ ငယ်စဉ်ကတည်းက နပန်းအားကစားကိုဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဖေက ဘုန်းတော်ကြီး အမေက သီလရှင်ကနေ မွေးလာတဲ့အတွက် မွေးကတည်းက ခရစ်ယာန်ကျောင်းမှာပဲ အချိန်ကုန်နေပီး ဘာသာရေးအရ နပန်းသတ်ခြင်းကိုတားမြစ်ထားလို့ ဝါသနာကိုလက်လျော့ထားရတဲ့လူငယ်တစ်ယောက်ဖြစ်လာပါတယ်။ ထမင်းချက်နဲ့တောက်တိုမယ်ရလုပ်ပီး ကြီးပျင်းလာတဲ့ နာချိုတစ်ယောက် လမ်းဘေးက ကလေက၀တစ်ယောက်နဲ့ ပေါင်းမိပီး အပျော်တမ်း နပန်းသတ်ပွဲကိုဝင်ပြိုင်ရာကနေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ဟာသလေးတွေနဲ့တွဲပီးကြည့်ရမှာပါ။ imdb 5.7 အထိရှိထားတဲ့ဇာတ်ကားဖြစ်ပီး ခွီချင်ရင်အခုပဲ ကြည့်ကြည့်လိုက်ပါ
Zawgyi
Leave a Reply