ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တူးဖေါ်ရရှိခဲ့တဲ့ ကျောက်မျက်လည်ဆွဲလေးတစ်ခုကြောင့်
ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်…
အဲ့ဒီလည်ဆွဲလေးဟာ ဒဏ္ဍာရီလာအရ မကောင်းတဲ့အတတ်ပညာတွေနဲ့ အသက်သွင်းထားပြီး
လည်ဆွဲပိုင်ဆိုင်ရသူဟာ အဖြစ်ဆိုးနဲ့ သေဆုံးရတတ်ပါတယ်…
ဒါကို မိုကရှဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဖခင်ဖြစ်သူလည်ဆွဲပိုင်ဆိုင်မိလို့ သေရေးရှင်ရေး
ဖြစ်နေရချိန် ဖခင်အသက်ကိုကယ်တင်ဖို့ရန်အလို့ငှာ လည်ဆွဲကို နေရာမှန်ပြန်ထားပေးဖို့ တော
ကြီးမျက်မည်းထဲကို ထွက်လာခဲ့ပါတော့တယ်..
သူမထွက်လာခဲ့တဲ့ တောအုပ်ကြီးကလည်း သွားလမ်းပဲရှိပြီး ျပန္လမ်းမရှိတဲ့ အဆန်းတကြယ်တောအုပ်
ကြီးဖြစ်နေပြန်တယ်…
ကဲ ဒီလိုနဲ့ သူမဖခင်အသက်ကို ကယ်တင်နိုင်ပါ့မလား..
ဒီတောအုပ်ကကော ဘာလို့လူတွေပျောက်ပျောက်
နေရတာလဲ စသဖြင့် လှည့်ကွက်လေးတချို့နဲ့အတူ ခံစားကြည့်ကြပါဦးဗျာ…
Leave a Reply