##unicode
ဒီတစ်ခါကတော့ ငယ်ဘဝကနာကျားဇာတ်ကောင်လေး ခုခေတ်မှာလူပြန်ဝင်စားတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပါ။
effect လန်းလန်း အက်ရှင်လန်းလန်းနဲ့ ကြိုက်သူများသေချာပေါက်အကြိုက်တွေ့စေမယ့်ကားတစ်ကားပါ။
တုန်ဟိုင်ဆိုတဲ့မြို့မှာ တဖြည်းဖြည်းနဲ့ ရေရှားပါးလာခဲ့ပါတယ်။
အဲ့ဒေသကို မျိုးနွယ်စု ၄ ခုကအုပ်စိုးနေပြီး သဲမျိုးနွယ်စုကတော့
အင်အားအကြီးဆုံးဖြစ်ပါတယ်။
လီယွမ်ရှန်က မှောင်ခိုပစ္စည်းအရောင်းအဝယ်လုပ်တဲ့အဖွဲ့မှာ အလုပ်လုပ်ပြီး
ဆိုင်ကယ်ပြိုင်ရတာဝါသနာထုံတဲ့ကောင်လေးတစ်ယောက်ပေါ့။
ဒီလိုနဲ့တစ်ညမှာတော့ သဲမျိုးနွယ်စုကမင်းသားသုံးက လီယွမ်ရှန်နဲ့သူ့သူငယ်ချင်းကောင်မလေးတို့
ဆိုင်ကယ်စီးလာနေတုန်းတွေ့သွားပြီး သူ့ကိုဆိုင်ကယ်ရောင်းဖို့ပြောပါတယ်။
လီယွမ်ရှန်က ငြင်းလိုက်တဲ့အခါမှာတော့ မင်းသားသုံးရဲ့နှိပ်စက်ခြင်းခံလိုက်ရပြီး သူ့ကိုယ်ကနေ မီးတောက်တွေထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲ့အဖြစ်အပျက်မှာ သူ့သူငယ်ချင်းခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရပါတယ်။
လီယွမ်ရှန်လည်း အားကြီးလှတဲ့ရန်သူကို လက်စားချေဖို့လုပ်ရင်း တစ်ဖက်ကလည်း သူ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ပါတော့တယ်။
ဒီလိုနဲ့ထင်ထားတာထက် ပိုပြီးနက်နဲရှုပ်ထွေးတဲ့ နောက်ကွက်ကကိစ္စတွေမှာပါ လီယွမ်ရှန်တစ်ယောက် ပါဝင်လာရတဲ့အခါမှာတော့
ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး။
ဒီကားထဲမှာဆိုရင် ငယ်ဘဝကကြည့်ခဲ့ရတဲ့ ဇာတ်ကောင်တွေအများကြီးပါဝင်တာကို အလွမ်းပြေပြန်လည်တွေ့မြင်ရမှာပါ။
##zawgyi
review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Animation, Action, Fantasy
Subtitle : Myanmar Subtitle (hardsub)
Translated by Yue Liang
Encoded by Arrow
Leave a Reply