##unicode
မူးယစ်ဆေးဖြတ်ဖို့ ဆေးရုံတက်နေရတဲ့ ဒါဘီဆိုတဲ့ကောင်မလေးတစ်ယောက်ဆီကို
တစ်နေ့မှာတော့သူ့အမေဆေးရုံတက်နေရကြောင်း ဖုန်းဝင်လာပါတယ်
ဆေးရုံကနေထွက်မရတဲ့ ဒါဘီဟာသူ့အမေကိုတွေ့ချင်လွန်းလို့ ထွက်ပြေးလာရင်းလမ်းမှာ
နှင်းမုန်တိုင်းကြီးတစ်ခုနဲ့ ကြုံရပါတော့တယ် မုန်တိုင်းကြောင့်ရှေ့ဆက်သွားမရတော့တဲ့ ဒါဘီဟာ
လမ်းကြုံတစ်နေရာမှာဝင်အနားယူရပါတော့တယ် ဒါပေမဲ့သူတစ်ယောက်တည်းမဟုတ်ပဲ တခြားသူလေးယောက်နဲ့ပါ
သူတို့ငါးယောက်သားဂိမ်းတွေဆော့၊အချိန်ကုန်မြန်အောင်တူတူနေနေရင်းနဲ့ဆိုင်အပြင်ဖက်မှာ
ဖုန်းလိုင်းမိတဲ့နေရာလိုက်ရှာနေတဲ့ဒါဘီဟာ တခြားသူတစ်ယောက်ရဲ့ကားပေါ်မှာ
နောက်ထပ်လူတစ်ယောက်နဲ့ မထင်မှတ်ပဲဆုံတွေ့လိုက်ရပါတယ်
အဲ့ဒီနောက်ပိုင်းမှာတော့သူကကားပေါ်ဘယ်လိုရောက်နေလဲ၊
သူမနဲ့အတူရှိနေတဲ့တခြားခရီးသွားတွေရဲ့သရုပ်မှန်ကဘာလဲ၊
ဘယ်သူတွေကဒီကိစ္စထဲမှာပါဝင်ပတ်သက်နေလဲဆိုတာကို
ဒါဘီတစ်ယောက်အန္တရာယ်တွေကြားကနေအရှုပ်ထုပ်တွေကိုဖြေရှင်းရပါတော့တယ်
ဇာတ်ကားစစချင်းကတည်းက ဇာတ်ကောင်တွေရဲ့အားပြိုင်မူတွေကိုအများအပြားကြည့်ရမဲ့
ရုပ်ရှင်တစ်ကားဖြစ်ပြီး ကြည့်နေရင်းတန်းလန်းလည်း ဝိုးခနဲဖြစ်သွားစေမဲ့ဇာတ်ဝင်ခန်းတွေ
အများကြီးပါဝင်ပါတယ် ဇာတ်ကားကပျင်းစရာကောင်းသလိုလိုနဲ့တောက်လျှောက်
ဇာတ်ရှိန်မြင့်လာပြီး နောက်ဆုံးဇာတ်ရှိန်အမြင့်ဆုံးနေရာကိုလည်းကျေနပ်စရာကောင်းလောက်အောင်
ကြည့်ကြရမှာပါ သွေးသံရဲရဲဇာတ်ဝင်ခန်းတွေ၊အသက်ရှင်နိုင်ဖို့ရုန်းကန်ကြိုးစားကြသူတွေ၊
စိတ်ထဲမှာအကောင်းနဲ့အဆိုးနဲ့လွန်ဆွဲနေသူတွေစတာတွေကိုအများကြီးမြင်ရမဲ့
ရုပ်ရှင်ကားဖြစ်ပါတယ်။နိုင်ငံတကာက Rating တွေကလည်းတော်တော်လေးကောင်းတဲ့ Rating တွေကို
ရရှိထားတာမလို့ကြည့်ရှူသင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်
##zawgyi
Review – Aung Pyae Sone
File Size – 1GB,2GB
Format…mp4
Quality :,720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Aung Pyae Sone
Encoded by Arrow
Upload on Youtube
Leave a Reply