##unicode
အက်ရှင်ကားကောင်းကောင်းနဲ့ john wick လိုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။
ဟတ်ချ်မန်ဆဲလ်က အရင်တုန်းက အရပ်ဘက်အေဂျင်စီတွေမှာ လျှို့ဝှက်အေးဂျင့်လိုမျိုး လုပ်ခဲ့ဖူးတဲ့လူတစ်ယောက်။
အခုတော့ မိန်းမရယ်၊ သားရယ်၊ သမီးရယ်နဲ့ သာမန်ဘဝတစ်ခုကို ဖြတ်သန်းနေတယ်။ ဒါပေမဲ့ သူ့ဘဝကြီးက တစ်နေ့နဲ့တစ်နေ့
ဘာမှမထူးခြားတဲ့ အိမ်ထောင်ရေးသုခလည်း ထင်သလောက်ကြီးမရှိတဲ့ ပျင်းရိငြီးငွေ့စရာဘဝကြီးပေါ့။
တစ်နေ့တော့ သူ့တို့အိမ်ကို သူခိုး ၂ ယောက်ဝင်တာကို မကာကွယ်ပေးနိုင်ဘဲ သူခိုးတွေလွတ်သွားတယ်။
ပြောရရင်တော့ သူကအရင်ဘဝကို ပြန်မရောက်လိုတဲ့အတွက် အကြမ်းအတမ်းကိုရှောင်တဲ့သဘောပေါ့။
ဒါပေမဲ့ အားလုံးကလည်းဝိုင်းအပြစ်တင်ကြတော့ စိတ်ထွက်ပေါက်ရှာနေတုန်း ညဘက်ဘတ်စ်ကားပေါ်မှာ
ရမ်းကားတဲ့ လူငယ်အုပ်စုနဲ့တွေ့ပြီး နှစ်ပေါင်းများစွာ အောင့်အီးထားတဲ့ လက်စွမ်းတွေကိုပြလိုက်တာပေါ့။
ကံဆိုးချင်တော့ အဲ့လူငယ်တွေထဲကတစ်ယောက်က ရုရှားဒုစရိုက်လောကသူဌေးတစ်ဦးရဲ့ ညီဖြစ်နေတဲ့အခါမှာတော့
ဒုစရိုက်သမားတွေလက်ကနေ သူ့မိသားစုကို ကာကွယ်ဖို့ကြိုစားရပါတော့တယ်။
အက်ရှင်ကြမ်းကြမ်းတွေနဲ့ မပျင်းရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
##zawgyi
အက္ရွင္ကားေကာင္းေကာင္းနဲ႔ john wick လိုကားေတြႀကိဳက္တဲ့ ပရိတ္သတ္ႀကီးအတြက္ ကားေကာင္းေလးတင္ဆက္ေပးလိုက္ပါတယ္။
ဟတ္ခ်္မန္ဆဲလ္က အရင္တုန္းက အရပ္ဘက္ေအဂ်င္စီေတြမွာ လွ်ိဳ႕ဝွက္ေအးဂ်င့္လိုမ်ိဳး လုပ္ခဲ့ဖူးတဲ့လူတစ္ေယာက္။
အခုေတာ့ မိန္းမရယ္၊ သားရယ္၊ သမီးရယ္နဲ႔ သာမန္ဘဝတစ္ခုကို ျဖတ္သန္းေနတယ္။ ဒါေပမဲ့ သူ႔ဘဝႀကီးက တစ္ေန႔နဲ႔တစ္ေန႔
ဘာမွမထူးျခားတဲ့ အိမ္ေထာင္ေရးသုခလည္း ထင္သေလာက္ႀကီးမရွိတဲ့ ပ်င္းရိၿငီးေငြ႕စရာဘဝႀကီးေပါ့။
တစ္ေန႔ေတာ့ သူ႔တို႔အိမ္ကို သူခိုး ၂ ေယာက္ဝင္တာကို မကာကြယ္ေပးႏိုင္ဘဲ သူခိုးေတြလြတ္သြားတယ္။
ေျပာရရင္ေတာ့ သူကအရင္ဘဝကို ျပန္မေရာက္လိုတဲ့အတြက္ အၾကမ္းအတမ္းကိုေရွာင္တဲ့သေဘာေပါ့။
ဒါေပမဲ့ အားလုံးကလည္းဝိုင္းအျပစ္တင္ၾကေတာ့ စိတ္ထြက္ေပါက္ရွာေနတုန္း ညဘက္ဘတ္စ္ကားေပၚမွာ
ရမ္းကားတဲ့ လူငယ္အုပ္စုနဲ႔ေတြ႕ၿပီး ႏွစ္ေပါင္းမ်ားစြာ ေအာင့္အီးထားတဲ့ လက္စြမ္းေတြကိုျပလိုက္တာေပါ့။
ကံဆိုးခ်င္ေတာ့ အဲ့လူငယ္ေတြထဲကတစ္ေယာက္က ႐ုရွားဒုစ႐ိုက္ေလာကသူေဌးတစ္ဦးရဲ႕ ညီျဖစ္ေနတဲ့အခါမွာေတာ့
ဒုစ႐ိုက္သမားေတြလက္ကေန သူ႔မိသားစုကို ကာကြယ္ဖို႔ႀကိဳစားရပါေတာ့တယ္။
အက္ရွင္ၾကမ္းၾကမ္းေတြနဲ႔ မပ်င္းရမယ့္ဇာတ္လမ္းေကာင္းေလးတစ္ပုဒ္ျဖစ္ပါတယ္။
review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre : Action, Crime, Thriller
Subtitle : Myanmar Subtitle (hardsub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply