##unicode
အကြောက်တရားကို ရင်ဆိုင်ကျော်လွှားတဲ့ ကောင်လေးတစ်ယောက်အကြောင်း ကာတွန်းကားလေးကို တင်ဆက်ပေးပါ့မယ်။
ဇာတ်လမ်းပုံစံလေးကတော့ တင်မ်ဟာ မိဘမဲ့ဂေဟာက ကောင်လေးတစ်ယောက်။
သူကညဘက်တွေဆို အမှောင်ကိုကြောက်တတ်လို့ ကောင်းကင်ကကြယ်တွေကို မော့ကြည့်ပြီး
အဒ်ဟာရာဆိုတဲ့ကြယ်လေးက သူ့ကိုကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ယုံကြည်ထားတာပါ။
တစ်ညမှာတော့ ကောင်းကင်မှာ အဒ်ဟာရာကြယ်လေးကို မတွေ့ရတော့တဲ့အခါ သူကြောက်လန့်ပြီး
အိပ်မပျော်နိုင်ဖြစ်နေတုန်း ကြောင်ထိန်းဆိုတဲ့သူတစ်ယောက်နဲ့ ဆုံမိသွားတယ်။ အဲ့ကနေမှတစ်ဆင့် လူသားအားလုံးအိပ်စက်နေချိန်
ညကမ္ဘာကိုစီမံခန့်ခွဲနေတဲ့ နော့တာနာဆိုတဲ့ သီးခြားကမ္ဘာတစ်ခုရှိသေးကြောင်း သူသိသွားခဲ့တယ်။ ဒီလိုနဲ့ ညကိုကြောက်တဲ့
တင်မ်တစ်ယောက် ညကမ္ဘာနော့တာနာမှာ ပျောက်ကွယ်သွားတဲ့သူ့ကြယ်လေးကို လိုက်ရှာရင်းကနေ
တစ်ကမ္ဘာလုံးက အလင်းရောင်တွေမပျောက်ကွယ်သွားအောင်ပါ ကယ်တင်ဖို့ဖြစ်လာတဲ့အခါမှာတော့
သူ့အကြောက်တရားတွေကို ဘယ်လိုအနိုင်ယူမလဲ၊
နော့တာနာကရော ဘယ်လိုအံ့ဩဖွယ်တွေနဲ့ပြည့်နေလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။
##zawgyi
အေၾကာက္တရားကို ရင္ဆိုင္ေက်ာ္လႊားတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း ကာတြန္းကားေလးကို တင္ဆက္ေပးပါ့မယ္။
ဇာတ္လမ္းပုံစံေလးကေတာ့ တင္မ္ဟာ မိဘမဲ့ေဂဟာက ေကာင္ေလးတစ္ေယာက္။
သူကညဘက္ေတြဆို အေမွာင္ကိုေၾကာက္တတ္လို႔ ေကာင္းကင္ကၾကယ္ေတြကို ေမာ့ၾကည့္ၿပီး
အဒ္ဟာရာဆိုတဲ့ၾကယ္ေလးက သူ႔ကိုကာကြယ္ေစာင့္ေရွာက္ေပးေနတယ္လို႔ ယုံၾကည္ထားတာပါ။
တစ္ညမွာေတာ့ ေကာင္းကင္မွာ အဒ္ဟာရာၾကယ္ေလးကို မေတြ႕ရေတာ့တဲ့အခါ သူေၾကာက္လန႔္ၿပီး
အိပ္မေပ်ာ္ႏိုင္ျဖစ္ေနတုန္း ေၾကာင္ထိန္းဆိုတဲ့သူတစ္ေယာက္နဲ႔ ဆုံမိသြားတယ္။ အဲ့ကေနမွတစ္ဆင့္ လူသားအားလုံးအိပ္စက္ေနခ်ိန္
ညကမာၻကိုစီမံခန႔္ခြဲေနတဲ့ ေနာ့တာနာဆိုတဲ့ သီးျခားကမာၻတစ္ခုရွိေသးေၾကာင္း သူသိသြားခဲ့တယ္။ ဒီလိုနဲ႔ ညကိုေၾကာက္တဲ့
တင္မ္တစ္ေယာက္ ညကမာၻေနာ့တာနာမွာ ေပ်ာက္ကြယ္သြားတဲ့သူ႔ၾကယ္ေလးကို လိုက္ရွာရင္းကေန
တစ္ကမာၻလုံးက အလင္းေရာင္ေတြမေပ်ာက္ကြယ္သြားေအာင္ပါ ကယ္တင္ဖို႔ျဖစ္လာတဲ့အခါမွာေတာ့
သူ႔အေၾကာက္တရားေတြကို ဘယ္လိုအႏိုင္ယူမလဲ၊
ေနာ့တာနာကေရာ ဘယ္လိုအံ့ဩဖြယ္ေတြနဲ႔ျပည့္ေနလဲဆိုတာကို ခံစားၾကည့္ရႈၾကပါဦး။
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Animation, Adventure, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Leave a Reply