##unicode
ဒီတစ်ခါမှာတော့ ဂျပန်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ Noiseဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။
ဂျပန်နိုင်ငံရဲ့ ရှီရှီကာရီဆိုတဲ့ ကျွန်းငယ်လေးတစ်ကျွန်းမှာ ကျွန်းရဲ့ကယ်တင်ရှင်လို့ကျွန်းနေလူအများ ခေါ်ကြတဲ့ ကီတာအီဇူမီတို့ မိသားစုလေး နေပါတယ်။
ကီတာအီဇူမီဟာသူရဲ့လယ်တောမှာ သဖန်းနက်သီးတွေ စိုက်ပျိုးပြီး နိုင်ငံရဲ့နေရာအနှံ့အပြားကိုပို့ဆောင်နေတာပါ။အဲ့တော့ ရှီရှီကာရီကျွန်းထွက်
သဖန်းနက်သီးတွေက တအားနာမည်ကြီးတယ်။အဲ့တော့အစိုးရကစတင် အရေးပေးလာပြီး ကျွန်းပေါ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဘတ်ဂျတ်တွေချပေးတယ်။
အဲ့အချိန်မှာပဲ ကျွန်းအပြင်လူ ရာဇဝတ်သားတစ်ယောက် ရောက်လာပြီးပြဿနာတွေအမျိုးမျိုးစဖြစ်လာပါတော့တယ်။
အေးချမ်းသာယာလှတဲ့ ကျွန်းလေးမှာဆိုးရွားရက်စက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ကီတာအီဇူမီ ဘာတွေဆက်လုပ်မလဲ။ကျွန်းလေးကရောဖွံ့ဖြိုးတိုးတက်ဖို့
အလားအလာရှိပါတော့မလား။ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ကြုံရအုံးမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဇာတ်အိမ်နဲ့ဇာတ်ကွက်တွေကို
အစီအစဉ်တကျရိုက်ချသွားတာ ဖြစ်တဲ့အတွက်ဂျပန်ဇာတ်လမ်းကောင်းလေးပါပဲ။အဲ့တော့ သဘာဝအလှတွေပြည့်နှက်နေတဲ့ ကျွန်းလေးရဲ့အကြောင်းကို
လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်
##zawgyi
Review – Thant Sin hnin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin hnin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply