##unicode
မြို့ငယ်လေးတစ်မြို့မှာ ဘောလုံးပွဲကျင်းပနေတဲ့ ညနေခင်းလေးတစ်ခု၊ မြို့ခံလူတွေ၊ ဧည့်သည်တွေနဲ့
အုံးအုံးကျက်ကျက်အားပေးနေကြတယ်။ ဒါပေမဲ့ အားလုံးရဲ့ပျော်ရွှင်မှုတွေဟာ ရုတ်တရက်ရိုက်ချိုးခံလိုက်ရတယ်။
မီးရုတ်တရက်ပြတ်သွားပြီး အဝေးတစ်နေရာမှာ ဘာမှန်းမသိတဲ့အလင်းရောင်တွေကို မြင်နေရတယ်။
နောက်တော့ ပွဲကျင်းပနေတဲ့နေရာကို မီးလုံးလိုအရာတွေကျလာတော့တာပဲ၊ အကြမ်းဖက်သမားတွေပဲ ဒုံးချည်နဲ့တိုက်ခိုက်တာလား၊
ဘာလားပေါ့။ ဒီလိုနဲ့အားလုံးလည်း လွတ်ရာကျွတ်ရာကိုထွက်ပြေးကြရတော့တယ်။
ဒီထဲမှာ ဗန်ကားပေါ်ကိုတက်ပြေးကြတဲ့ ကြုံရာလူတစ်စုလည်းပါတယ်။ သူတို့တွေက မြို့ပြင်သစ်ခွဲစက်ကြီးဆီကို မောင်းလာခဲ့ကြတယ်။
မနက်မိုးလင်းတော့မှ ကမ္ဘာမြေပေါ် ဂြိုလ်သားတွေကျူးကျော်လာတာမှန်း သိသွားကြပြီး မြို့ထဲမှာပိတ်မိကျန်ခဲ့တဲ့ မိသားစုတွေ၊
မိတ်ဆွေတွေကို ဂြိုလ်သားတွေလက်ကနေ ပြန်ကယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ သူတို့တွေ အောင်မြင်စွာပဲကယ်တင်နိုင်မှာလား၊
ဂြိုလ်သားတွေကရော ဘာအတွက်ကမ္ဘာမြေပေါ် ကျူးကျော်လာကြလဲဆိုတာကို မပျင်းရဘဲ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်
ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
##zawgyi
Review – Yue Liang
File Size – 1.3GB,2.8GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre :Action, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Leave a Reply