Alpha Premium
Premium Offering to the Storm (2020)
Report error

Offering to the Storm (2020)

Offering to the Storm    

TV-MA 139 min CrimeThriller

6.2
IMDB: 6.2/10 1,242 votes

, , ,

N/A

Spain, Germany

1072

Report error

Offering to the stormက The Bazatan Trilogy

ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက်

ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး

ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို

နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ………….

ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့

အတက်အကျပြင်းထန်ပြီး Rosemary’s Baby (1968)ရဲ့

ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။

လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့

ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့

ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့

စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့

ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့်

စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။

ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့်

နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ

တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး

အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။

တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။

မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။

အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊

အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက်

ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက

ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို

အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။

ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့

ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊

လူ့လောဘ၊ အာဃာတတွေအကြောင်း ဖော်ပြထားတာမလို့

လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။

ကြည့်နေတဲ့တစ်လျှောက်လုံး သို့လော သ်ို့လော မေးခွန်းပေါင်းများစွာနဲ့

ဇာတ်သိမ်းပိုင့းအထိ ဆွဲခေါ်သွားနိူင်တဲ့

ဇာတ်လမ်းတစ်ပုဒ်အဖြစ်တဲ့အတွက်

ကြည့်ရတန်ပါတယ်လို့ ညွှန်းချင်ပါတယ်

Offering to the Storm (2020)
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies