On your wedding day (2018)
****************************ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ပရိသတ်များအကြိုက်ဖြစ်တဲ့ လူငယ်လူရွယ်တို့ရဲ့ အချစ် အလွမ်း ရသမျိုးစုံနဲ့ လက်တွေ့ဘဝကို အခြေခံ ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
****************************ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ပရိသတ်များအကြိုက်ဖြစ်တဲ့ လူငယ်လူရွယ်တို့ရဲ့ အချစ် အလွမ်း ရသမျိုးစုံနဲ့ လက်တွေ့ဘဝကို အခြေခံ ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လန်းဆန်းတက်ကြွနေတဲ့ သစ်ရွက်လေးတွေဖြစ်တဲ့ လူငယ်လေးတွေက ပုံဖော်ပြသလို အချစ်ဦးဆိုတာလည်း လူသားတိုင်းရဲ့ လူငယ်ဘဝမှာ အနည်းနဲ့အများတော့ ကြုံတွေ့ခဲ့ကြဖူးပါတယ်။
ဒီဇာတ်ကားလေးမှာတော့ အဓိကဇာတ်ဆောင်များ ဖြစ်ကြတဲ့ Hwan Seung-hee နဲ့ Hwang Woo-yeon အဖြစ် ပရိသတ်အချစ်တော်များဖြစ်ကြတဲ့ နာမည်ကြီး မင်းသမီး Park Bo Young နဲ့ မင်းသား Kim Young Kwang တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်…
ကျောင်းပြောင်းလာတဲ့ကျောင်းသားများဖြစ်ကြတဲ့ ဝူယောင်းဆိုတဲ့ ကျောင်းသားလေးနဲ့ ဆွန်ဟီးဆိုတဲ့ ကျောင်းသူလေးတို့နှစ်ယောက် ကျောင်းတစ်ကျောင်းထဲမှာ အတူဆုံတွေ့ကြတဲ့အခါမှာ လှပတဲ့ အချစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်…
ဒါပေမဲ့ ထို အချစ်ဟာ ဘဝအချိုးအကွေ့တွေနဲ့ရင်ဆိုင်ရတဲ့ အခါ ဘလိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရသမျိုးစုံနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်…“ဘဝမှာ မင်းနဲ့တွေ့ခဲ့ရလို့ နောင်တရတယ်” ဆိုတဲ့ စကားမျိုးက ချစ်သူနှစ်ဦးကြားမှာ တကယ်ကော ပြောသင့်ရဲ့လား???
“ဘဝမှာ မင်းကို တွေ့ခဲ့ရလို့ ဝမ်းသာပါတယ်” ဆိုတဲ့ စကားမျိုးပဲပြောသင့်တာလား??? နောက်ပြီး ”အချစ်ဦးတိုင်းက ချစ်တတ်သူတွေကို ဘဝသင်ခန်းစာတွေ ပေးသွားတယ်ဆိုတာကကော မှန်ရဲ့လား???” ဆိုတာတွေကို အချစ် အလွမ်း နောင်တ ရသမျိုးစုံနဲ့ ကြည်နူး လွမ်းဆွတ်ဖွယ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
တကယ့်ကို ကြည့်သင့်တဲ့ကားကောင်းလေးမလို့ ဆက်ဆက်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
Leave a Reply