One On One (2014) 1080p
======================
ဒီတစ်ခါကတော့ ကိုရီးယားရုပ်ရှင်လောကရဲ့ အက်ရှင်အကျော်အမော် မာဒုံဆော့ရဲ့ ဇာတ်ကားကောင်းတွေထဲကတစ်ကားပါ
မေလ ၉ရက်နေ့မှာ မိန်းကလေးတစ်ဦးဟာ ရက်ရက်စက်စက်အသတ်ခံခဲ့ရပါတယ်
အဲ့အမှုမှာပါဝင်တဲ့ ကြံရာပါ ၆ယောက်ကို နှိမ်နှင်းချင်တဲ့ Shadowဆိုတဲ့ အဖွဲ့ရှိပါတယ်
သူတို့အဖွဲ့ဟာ လူမှုဘဝမှာ နာကျည်းစရာ ဝမ်းနည်းစရာမခက်အခဲတွေရှိတဲ့ လူတွေနဲ့ဖွဲ့ထားတာပါ
မေလ၉ရက်နေ့က အမှုကို ကြံရာပါတွေဝန်ခံလာအောင် အသွင်မျိုးစုံယူဖမ်းဆီးနှိပ်စက်ကြပါတယ်
သူတို့အဖွဲ့ရဲ့ကတိကတော့ လူမသတ်ပါဘူးဆိုတဲ့ကတိပါ
သူတို့ဟာ လူမှုအသိုင်းအဝိုင်းမှာ ကောင်းကျိုးမပေးတဲ့လူတွေကို ပညာပေးရုံသာပေးချင်ကြတာပါ
ကြံရာပါတွေထဲကတစ်ယောက်ဟာ သူတို့အဖွဲ့ရဲ့သရုပ်မှန်ကိုသိတဲ့အခါ လက်စားပြန်ချေဖို့ကြိုးစားပါတယ်
သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်မှာတော့ အဖွဲ့သားတွေနဲ့မတူနဲ့ နာကြည်းချက်တစ်ခုရှိပါတယ်
ကြံရာပါတွေကို နှိပ်စပ်ရင်း ပြင်းထန်းလာတဲ့အခါ အဖွဲ့သားတွေက သူတို့ခေါင်းဆောင်ကို ကြောက်ရွံ့ပြီး
အသီးသီးထွက်သွားကြပြီး အဖွဲ့သားအချင်းချင်းစိတ်ဝမ်းတွေကွဲလာကြပါတော့တယ်
ရက်စက်တဲ့နှိပ်စက်မှုတွေ လက်စားချေမှုတွေကြားက လူတစ်ယောက်ချင်းစီရဲ့ ဘဝအခက်အခဲတွေ
မဖြစ်သာလို့လာ မိုက်နေကြရပေမယ့် စိတ်ထားနူးညံ့သူတွေအကြောင်းကို တစ်ယောက်ချင်းစီရဲ့
ဇာတ်ရုပ်ကိုပေါ်အောင်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်
Leave a Reply