Alpha Premium
Premium One Winter Weekend (2018)
Report error

One Winter Weekend (2018)

One Winter Weekend    

TV-G 84 min ComedyRomance

6.8
IMDB: 6.8/10 1,165 votes

, , ,

N/A

Canada, USA

727

Report error

Romanceချစ်သူတို့အတွက်

ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ

“ကယ်ရာ”ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့

relationship ကဏ္ဍက စာရေးဆရာမတစ်ယောက်

သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊

dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ

ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့

စာရေးဆရာမလေးကိုယ်တိုင်ကတော့

ပျော်ရွှင်စရာနယူးယားညလေးမှာ

သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို

ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ

ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ်

ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင်

ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး

ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း “မက်ဂန်”သွားမဲ့

နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ

One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ်

ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ

သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို “ဘန်”နဲ့”ရှန်း”ဆိုတဲ့

သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့

ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ

လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့

လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့

ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ်

ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ

ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့

relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ

ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့

ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား…

ဆိုတာတွေအပြင်

ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့

ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ

Pure romance storyline လေးရယ်

ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ်

မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ

ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ်

Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို

တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့်

Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ

စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး

ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ

One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
One Winter Weekend (2018)
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies