[Unicode]
ဒီဇာတ်ကားလေးက ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Crime/Comedy အမျိုးစားဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်း
သိပ္ပံ စမ်းသပ်မှု တစ်ခုရဲ့ microchip ကို ဥက္ကဌဖြစ်သူ ဂင်ထက်ဆူက ဓာတ်ခွဲခန်းနေ ခိုးယူပြီး နိုင်ငံခြားကို ရောင်းပစ်ဖို့လုပ်ခဲ့ပါတယ်
အဲ့အချိန်မှာ ဓာတ်ခွဲခန်း အလုပ်သမားခေါင်းဆောင် ဂျင်ဆူကို ကားတိုက်လုပ်ကြံခဲ့ပါတယ်
ဂျင်ဆူရဲ့သမီးက သူ့အဖေဘာကြောင့် လုပ်ကြံခံရတယ်ဆိုတာကိုသိရှိပြီး
ဥက္ကဌဂင်ဆီ ဆေးရုံစရိတ်နဲ့ လျော်ကြေးတောင်းဖို့ သွားခဲ့ပေမယ့် ဥက္ကဌဂင်ဟာ ရုတ်တရက်သေဆုံးသွားပါတယ်
အဖေ့ ဆေးရုံစရိတ်အတွက် လျော်ကြေးရဖို့ ဘာမဆိုလုပ်မယ်ဆိုပြီး အဖေဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ဥက္ကဌဂင်ရဲ့ အလောင်းကို ခိုးယူပြီး ငွေညှစ်ဖို့လုပ်ခဲ့ပါတယ်
ဒါပေမယ့် သူတို့ အလောင်းမှားခိုးမိပြီး
ခိုးလာတဲ့လူကလည်း အသက်ရှင်နေတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်မှာလဲ
ဥက္ကဌဂင်ရဲ့အလောင်းကရော ဘယ်မှာလဲ
ဓာတ်ခွဲခန်းက ခိုးယူသွားတဲ့ microchip ကရော ဘယ်သူ့ဆီမှာလဲ
ရဲတွေကလည်း ဒီ microchip နောက်ကိုလိုက်နေကြတဲ့အခါ
ဘယ်လို အလွဲလေးတွေ ဟာသေလေးတွေဖစ်မလဲဆိုတာ
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် )
[Zawgyi]
ဇာတ်လမ်းအကျဉ်း
ဘယ်လို အလွဲလေးတွေ ဟာသလေးတွေဖစ်မလဲဆိုတာ
Leave a Reply