##unicode
ဒီတစ်ခါတော့ Padavettuဆိုတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားလေးဟာဆိုရင် အိန္ဒိယလယ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်စားနေတဲ့ နိုင်ငံရေးပါတီနဲ့
လယ်သမားအချို့ကြားက ပြဿနာတွေ၊ကွယ်ဝှက်ထားတဲ့ အကြောင်းအရာတွေ အကြောင်းကို
မီးမောင်းထိုးရိုက်ပြသွားတဲ့ ကားကောင်းတစ်ကားပါ။
အင်မတန်အသိပညာနည်းတဲ့အိန္ဒိယရွာလေးတစ်ရွာမှာကူယာလီခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီဟာ လယ်သမားလုပ်အားကို
အမြတ်ထုတ်ပြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲ့ကလယ်သမားတွေကိုတော့ သူတို့ပါတီဟာလယ်သမားတွေရဲ့ချို့တဲ့တဲ့ဘဝကို
မြှင့်တင်ပြီး အဆင်ပြေပြေနေရအောင် လုပ်ဆောင်ပေးနေတယ်လို့အယုံသွင်းထားတာပေါ့။
အဲ့ရွာမှာ လူတွေအရမ်းအထင်သေးတဲ့ နှိမ်ချဆက်ဆံတဲ့ကိုယ့်ဘဝကိုအားငယ်နေတဲ့ ရေဗီဆိုတဲ့ လူတစ်ယောက်လည်း နေပါတယ်။
ရေဗီဟာ ငယ်စဉ်အလွန်တက်ကြွတဲ့ကလေးပါ။အားကစားပြိုင်ပွဲတစ်ခုမှာ အလွဲအမှားဖြစ်ခဲ့ပြီး သူဝါဿနာပါတဲ့
အပြေးအားကစားကို မလုပ်နိုင်တော့အောင် ဒဏ်ရာရသွားခဲ့ပါတယ်။အဲ့အချိန်ကစပြီး သူဟာစိတ်ဓာတ်တွေကျ
ဘာမှမလုပ်ပဲ ကိုယ့်ကိုကိုယ်သိမ်ငယ်နေခဲ့ပါတယ်။
သူနဲ့ရော အဲ့ပါတီကဘယ်လိုဆက်စပ်သွားပါ့မလဲ။သူကရော ကူယာလီပါတီက လိမ်ညာနေတာကိုရိပ်မိပါ့မလား။
အဲ့လိုနဲ့နောက်ဆုံးမှာ ဘာတွေဖြစ်သွားမှာလဲ။ကူယာလီခေါင်းဆောင်တဲ့ပါတီကပဲ ရေဗီရောလယ်သမားတွေရောကို
အယုံသွင်းပြီး ဆက်လိမ်ညာသွားမှာလား ဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမှာပါ။
လယ်သမားတွေရဲ့ တကယ့်သနားစရာဘဝကို အသားပေးရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။
##zawgyi
ဒီတစ္ခါေတာ့ Padavettuဆိုတဲ့ အိႏၵိယဇာတ္ကားေလးတစ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။
ဒီဇာတ္ကားေလးဟာဆိုရင္ အိႏၵိယလယ္သမားေတြအေပၚ ေခါင္းပုံျဖတ္အျမတ္စားေနတဲ့ ႏိုင္ငံေရးပါတီနဲ႔
လယ္သမားအခ်ိဳ႕ၾကားက ျပႆနာေတြ၊ကြယ္ဝွက္ထားတဲ့ အေၾကာင္းအရာေတြ အေၾကာင္းကို
မီးေမာင္းထိုး႐ိုက္ျပသြားတဲ့ ကားေကာင္းတစ္ကားပါ။
အင္မတန္အသိပညာနည္းတဲ့အိႏၵိယ႐ြာေလးတစ္႐ြာမွာကူယာလီေခါင္းေဆာင္တဲ့ ႏိုင္ငံေရးပါတီဟာ လယ္သမားလုပ္အားကို
အျမတ္ထုတ္ၿပီးေခါင္းပုံျဖတ္ေနခဲ့ပါတယ္။အဲ့ကလယ္သမားေတြကိုေတာ့ သူတို႔ပါတီဟာလယ္သမားေတြရဲ႕ခ်ိဳ႕တဲ့တဲ့ဘဝကို
ျမႇင့္တင္ၿပီး အဆင္ေျပေျပေနရေအာင္ လုပ္ေဆာင္ေပးေနတယ္လို႔အယုံသြင္းထားတာေပါ့။
အဲ့႐ြာမွာ လူေတြအရမ္းအထင္ေသးတဲ့ ႏွိမ္ခ်ဆက္ဆံတဲ့ကိုယ့္ဘဝကိုအားငယ္ေနတဲ့ ေရဗီဆိုတဲ့ လူတစ္ေယာက္လည္း ေနပါတယ္။
ေရဗီဟာ ငယ္စဥ္အလြန္တက္ႂကြတဲ့ကေလးပါ။အားကစားၿပိဳင္ပြဲတစ္ခုမွာ အလြဲအမွားျဖစ္ခဲ့ၿပီး သူဝါႆနာပါတဲ့
အေျပးအားကစားကို မလုပ္ႏိုင္ေတာ့ေအာင္ ဒဏ္ရာရသြားခဲ့ပါတယ္။အဲ့အခ်ိန္ကစၿပီး သူဟာစိတ္ဓာတ္ေတြက်
ဘာမွမလုပ္ပဲ ကိုယ့္ကိုကိုယ္သိမ္ငယ္ေနခဲ့ပါတယ္။
သူနဲ႔ေရာ အဲ့ပါတီကဘယ္လိုဆက္စပ္သြားပါ့မလဲ။သူကေရာ ကူယာလီပါတီက လိမ္ညာေနတာကိုရိပ္မိပါ့မလား။
အဲ့လိုနဲ႔ေနာက္ဆုံးမွာ ဘာေတြျဖစ္သြားမွာလဲ။ကူယာလီေခါင္းေဆာင္တဲ့ပါတီကပဲ ေရဗီေရာလယ္သမားေတြေရာကို
အယုံသြင္းၿပီး ဆက္လိမ္ညာသြားမွာလား ဆိုတာကိုစိတ္ဝင္တစား ၾကည့္ရႈရမွာပါ။
လယ္သမားေတြရဲ႕ တကယ့္သနားစရာဘဝကို အသားေပး႐ိုက္ျပထားတဲ့ဇာတ္ကားေကာင္းတစ္ကားပါ။
Review – Thant Sin Hnin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin Hnin
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply