(App only)
(free ကြည့်ချင်သူများ app ကနေကြည့်လို့ရပါတယ်)
##unicode
ဒီတစ်ခေါက်မှာတော့ဟာသရော အက်ရှင်ရောအစုံပါတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားကိုရွေးချယ်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့တရားသူကြီးဆူရီရာနာနာရာရန်ဟာအမှုစီရင်ချက်တစ်ခုမှာ အပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့
ဘက်ကနေကာကွယ်ပြီးအမှုနိုင်အောင်မလုပ်ပေးနိုင်ခဲ့တဲ့အတွက်သူ့ကိုယ်သူအပြစ်ရှိစိတ်ခံစားရပြီးနှုတ်ထွက်ခဲ့ပါတယ်
ဒီလိုနဲ့နှစ်တွေကြာတဲ့အခါမှာတော့သူ့သားလပ်ကီးဟာသူ့ရဲ့လမ်းစဉ်ကိုလိုက်ပြီးရှေ့နေတစ်ယောက်ဖြစ်လာပါတယ်
ဒါပေမယ့်လပ်ကီးဟာသူ့အဖေနဲ့မတူပါဘူး သူ့အဖေဟာရိုးသားဖြောင့်မတ်ပြီး ပိုက်ဆံကိုမကြည့်တဲ့တရားသူကြီးတစ်ယောက်ဖြစ်ခဲ့ပေမယ့်
လပ်ကီးကတော့ ပိုက်ဆံရရင် ဘယ်လိုအမှုကိုပဲဖြစ်ဖြစ်နိုင်အောင်လုပ်ပေးတဲ့သူမျိုးပါ ပြစ်မှုကျူးလွန်တဲ့ရာဇဝတ်သားတွေကိုတောင်
ပိုက်ဆံအတွက်အမှုလိုက်ပေးတဲ့သူမျိုးပေါ့ ဒီလိုနဲ့လပ်ကီးတစ်ယောက်လက်ခံလိုက်တဲ့အမှုသည်တစ်ယောက်ဟာ
သူ့အဖေတရားသူကြီးဘဝကိုစွန့်လွှတ်အောင်လုပ်ခဲ့တဲ့လူဆိုးကြီးတစ်ယောက်ဖြစ်နေပါတော့တယ်
လပ်ကီးတစ်ယောက်သူ့အဖေနဲ့ ပိုက်ဆံကြားမှာဘာကိုရွေးချယ်သွားမလဲ
လပ်ကီးတစ်ယောက်ဘာလို့ဒီလိုမှားယွင်းတဲ့လမ်းပေါ်ကိုလျှောက်နေရတာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ
ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
Leave a Reply