Alpha Premium
Premium Patients Of A Saint (2019)
Report error

Patients Of A Saint (2019)

Inmate Zero    

N/A 106 min Horror

4.7
IMDB: 4.7/10 578 votes

, , ,

N/A

UK

716

Report error

 

Horror သီးသန့်ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ ဒီဇာတ်ကားကို အကြိုက်တွေ့မှာ အသေချာပါပဲ။

ဇာတ်လမ်းကတော့ စတုန်း ဆိုတဲ့အမျိုးသမီးဟာ အထူးရဲတပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက်​ြဖစ်ပြီး လွှတ်တော်အမတ်ကို သတ်တဲ့အမှုနဲ့ သေဒဏ်စီရင်ခံရတော့မယ် အပြစ်သားဖြစ်ပါတယ်။

အမှန်တကယ်တော့ သူမ မသတ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်း​ေပါ်မှာ တည်ရှိပြီး သေဒဏ်သာစီရင်တဲ့ ထောင်တစ်ခုကို အပို့ခံလိုက်ရပါတယ်။

အဲ့ဒီကျွန်းမှာကလည်း အမည်မသိဆေးတစ်မျိုးကို စမ်းသပ်နေတာပါ။ အစမ်းသပ်ခံတွေထဲမှာလည်း ထောင်သားတစ်ချို့ပါဝင်နေပါတယ်။

သူမ စစဝင်ချင်းနေ့မှာပဲ အခန်းဖော်နဲ့တိုက်ခိုက်ပြီး ဒဏ်ရာရကာ ဆေးခန်းသို့သွားပြခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ ထူးဆန်းတဲ့ရောဂါရှိတဲ့ ထောင်သား(ယောကျ်ား) တစ်ယောက်က သူတို့ရဲ့ ထောင်ဆေးခန်းကို ရောက်လာခဲ့ပါတယ်။

နောက်တစ်နေ့ ရောက်တဲ့အခါ အဲ့လူသေပြီလို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ထူးဆန်းစွာ အဲ့လူဟာ ဖုတ်ကောင်သဖွယ် ပြန်ရှင်လာပြီး သောင်းကျန်းလာပါတော့တယ်။

ပိုးကူးစက်ရာ ပထမအဆင့်ဖြစ်တဲ့ သွေးနဲ့ တံသွေးဖြင့် ဆေးခန်းတစ်ခုလုံး ပြန့်သွားပါတော့တယ်။

ကံကောင်းထောက်မစွာ စတုန်းဟာ ထောင်ထိန်းတစ်ဦးက ကယ်တင်လိုက်သဖြင့် အသက်ချမ်းသာရာရသွားခဲ့ပါတယ်။ သို့သော် ဆိုးဝါးစရာကိစ္စကြီးက ဒီမှာတင်အဆုံးမသတ်ခဲ့ပါဘူး။

ကူးစက်နည်း ဒုတိယအဆင့်ဖြစ်သော ဖုတ်ကောင်များအကိုက်ခံရခြင်းဖြင့် ကူးစက်သွားတဲ့အထိပါ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးမှာ စတုန်းနဲ့ အသက်ရှင်ကျန်ရစ်သူတွေ ဒီကျွန်းကနေ လွတ်မြောက်နိုင်မလား။ ဘယ်လိုအန္တရာယ် တွေကိုသူတို့ရင်ဆိုင်ရအုန်းမလဲဆိုတာကို သိချင်ရင် ဒီဇာတ်ကားကို ကြည့်ရှုလိုက်ပါနော်။

ပိုးကူးစက်ခံရသူများဟာ ဇွန်ဘီနှင့်အလားသဏ္ဍန်တူပါတယ်။ ထို့အပြင် ကြည့်ရှုမယ်ဆိုရင် ရင်တလှပ်လှပ် နဲ့ စိတ်လှုပ်ရှားဖွယ် ခံစားမှုမျိုးကိုပါ ရစေမှာပါ။

Patients Of A Saint (2019)
Patients Of A Saint (2019)
Patients Of A Saint (2019)
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies