##unicode
၂၀၁၈ ခုနှစ်လောက်ကထွက်ရှိခဲ့တဲ့ Peter Rabbit ဆိုတဲ့ကားလေးကိုမှတ်မိကြဦးမယ်ထင်ပါတယ်
အမေရိကန်အင်္ဂလိပ်စာရေးဆရာမ Beatrix Potter ရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့ The Tale of Peter Rabbit ဆိုတဲ
စာအုပ်ပေါ်ကိုအခြေခံပြီးရိုက်ကူးထားတာပါ ပထမကားတုန်းကလည်း ကြည့်ရှုသူတွေနှစ်ခြိုက်ပြီးအောင်မြင်ခဲ့တဲ့
ဒီကားလေးဟာ အခု Peter Rabbit: Runaway ဆိုပြီးအဆက်ထွက်ရှိလာပါတယ်
Box office မှာ၁၀၉.၆ သန်းအထိရရှိထားပြီး ဝင်ငွေ ၄၅သန်းအထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်
ဘီနဲ့ သောမတ်စ်တို့လက်ထပ်ပြီးတဲ့နောက်မှာ ပီတာတို့ရဲ့ရန်သူတော်ကြီးဖြစ်ခဲ့တဲ့သောမတ်စ်ဟာ မိသားစုဝင်အဖြစ်
ပြောင်းလဲသွားပါတော့တယ် ပြဿနာတွေဖြေရှင်းပြီးငြိမ်းချမ်းရေးရသွားပြီထင်ခဲ့ပေမယ့် ပီတာရဲ့ဆိုးသွမ်းတယ်
ဆိုတဲ့ဂုဏ်ပုဒ်ကတော့ပျောက်မသွားပါဘူး ဒီလိုနဲ့ပီတာတစ်ယောက်သူ့ကိုယ်သူအပြင်လူလိုခံစားလာရပါတော့တယ်
တစ်နေ့မြို့မှာ သူ့အဖေရဲ့သူငယ်ချင်းဖြစ်တဲ့သူခိုးကြီးဘာနာဘက်စ်နဲ့ တွေ့ဆုံခဲ့ပါတော့တယ်
ပီတာတစ်ယောက်သူ့အပေါ်ကိုအကောင်းမြင်ပေးတဲ့ ဘာနာဘက်စ်ရဲ့အသိုင်းအဝိုင်းမှာနေထိုင်ချင်စိတ်ဖြစ်လာပါတော့တယ်
နောက်ဆုံးမှာပီတာကသူ့မိသားစုကိုပစ်ပြီး သူခိုးဘဝမှာပဲကျင်လည်ဖို့ရွေးချယ်လိုက်မလားဆိုတာကိုတော့
ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Animation ,Adventure,Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Upload on Youtube
Leave a Reply