Exit print mode Print Data A+ A- Undo all

Pixie (2020)

Pixie (2020)Pixie (2020)

Synopsis:

##unicode

ဒီကားလေးကတော့ ပစ်စီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်အကြောင်းပေါ့။

ဇာတ်လမ်းစစချင်းမှာ ပစ်စီရဲ့ရည်းစားကောလင်းရယ် ဖေးဂတ်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရယ်က ဖာသာတွေမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ ဘုရားကျောင်းတစ်ခုကိုသွားပြီး ဖာသာတွေကိုသတ်၊ ဆေးတွေကိုယူလာခဲ့ကြပါတယ်။

နောက်တော့ ပစ်စီနဲ့ဖေးဂတ်စ်က ဆန်ဖရန်ဆစ္စကိုကိုထွက်ပြေးမှာကို ကောလင်းသိသွားပြီး ဖေးဂတ်စ်ကိုသတ်ပစ်လိုက်ပြီး
ပစ်စီဆီကိုသွားရှာတယ်။ သူကပစ်စီအိမ်ရှေ့မှာ သေနတ်ကြီးတစ်ရမ်းရမ်းနဲ့ဆိုတော့
ပစ်စီကိုလာကြောင်တဲ့ကောင်လေး ၂ ယောက်က သူ့ကိုကားနဲ့တိုက်ပစ်လိုက်တယ်။

သူတို့ ၂ ယောက်လည်း ကောလင်းကိုကားနောက်ဖုံးထဲထည့်ပြီးမှ မူးယစ်ဆေးတွေအပြည့်နဲ့အိတ်ကြီးကိုတွေ့ပြီးတော့
ရောင်းစားပြီးထွက်ပြေးဖို့ ကြံစည်ကြရော။ နောက်တစ်နေ့မှာ သူတို့ ၂ ယောက်စီကို ပစ်စီပါရောက်လာပြီး
သူလည်းအတူပါမယ်လို့ပြောပြီး မူးယစ်ဆေးတစ်အိတ်နဲ့ သူတို့ ၃ ယောက်ဘယ်လိုတွေဆက်လုပ်ကြမလဲ၊
ပစ်စီကရောဘာအကြံနဲ့ချဉ်းကပ်လာတာလဲဆိုတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။

ဒီကားလေးထဲမှာ ဇာတ်ကောင်တွေကို ချိတ်ဆက်ပြသွားတာလည်း အရမ်းမိုက်ပါတယ်။ ကြည့်လိုက်လို့နောင်တမရမယ့်ကားလေးတစ်ကားပါ။

##zawgyi






Review – Yue Liang
File Size – 1.2GB
Format…mp4
Quality : 1080p Webrip
Duration…1h 33min
Genre : Comedy, Crime, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow

Original title
Pixie
Director
Barnaby Thompson
Stars
Fra Fee, Olivia Cooke, Pat Shortt, Rory Fleck Byrne
Release Date
23 Oct 2020
Rated
R
Runtime
93 min
Awards
N/A
Country
UK
Budget
USD $0,00
Revenue
USD $0,00
Popularity
10.262
Status
Released
ID IMDb.com
tt10831086
IMDB Rating
6.5
IMDB votes
360
ID Themoviedb.org
651610
TMDb Rating
5.1
TMDb votes
7