(App member only)
##unicode
ဒီတစ်ခါတင်ဆက်ပေးထားတဲ့ အိန္ဒိယကားကတော့ “Priyan Ottathilanu (2022)”ဆိုတဲ့ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းကတော့…..
ဓာတ်ကြမ်းကုဆရာတစ်ယောက်ဖြစ်တဲ့ပရီယာဒါရှန်ဟာ နီနာဆိုသူအမျိုးသမီးလေးတစ်ယောက်နဲ့လက်ထပ်ထားပြီး သမီးတစ်ယောက်လည်းရှိပါတယ်။
သူဟာ စာရေးတာကိုဝါသနာပါပြီး ဇာတ်လမ်းများစွာကိုလည်းရေးသားထားသူတစ်ယောက်ပါ။
ဖော်ရွေသဘောကောင်းပြီး အနားမှာရှိတဲ့လူတိုင်းကိုကူညီပေးတတ်တဲ့ပရီယာဒါရှန်ဟာ အမြဲတမ်းအလုပ်ရှုပ်နေပြီး
ဇနီးနဲ့သမီးအတွက်တောင်အချိန်မပေးနိုင်ဖြစ်နေတော့တာပါပဲ။ တစ်နေ့မှာတော့ သူဟာ ရဲစခန်း၊ဘဏ်၊ဆေးရုံနဲ့လေဆိပ်ကိုသွားစရာရှိတဲ့အပြင်
မိဘတွေကိုသွားခေါ်ဖို့နဲ့သူရဲ့ဇာတ်လမ်းကိုထုတ်လုပ်နိုင်ဖို့အတွက် အရေးတကြီးတွေ့ဆုံပွဲတစ်ခုပါရှိနေခဲ့တဲ့အခါမှာ…….
ပရီယာဒါရှန်ဟာ တစ်နေ့တည်းနဲ့ သွားစရာရှိတဲ့နေရာတွေကို ဘယ်လိုများကြိုးကြိုးစားစားရောက်အောင်သွားမလဲ၊ အဲဒီနေ့မှာပဲ ဘယ်လို
လူတွေနဲ့ထပ်မံတွေ့ကြုံရမလဲ၊ သူ့ရဲ့အကြီးမားဆုံးအိပ်မက်၊မျှော်မှန်းချက်ဖြစ်တဲ့ဇာတ်ကားဖန်တီးမှုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို
ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြရမှာပါ။
အေးအေးငြိမ့်ငြိမ့်၊ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးဖြစ်ပြီး ပရီယာဒါရှန်ရဲ့တစ်နေ့တာဆောင်ရွက်မှုတွေကိုစိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်တဲ့အတွက်
ဒီဇာတ်ကားကိုလည်း ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။
##zawgyi
ဒီတစ္ခါတင္ဆက္ေပးထားတဲ့ အိႏၵိယကားကေတာ့ “Priyan Ottathilanu (2022)”ဆိုတဲ့ဇာတ္ကားေကာင္းေလးပါ။
ဇာတ္လမ္းကေတာ့…..
ဓာတ္ၾကမ္းကုဆရာတစ္ေယာက္ျဖစ္တဲ့ပရီယာဒါရွန္ဟာ နီနာဆိုသူအမ်ိဳးသမီးေလးတစ္ေယာက္နဲ႔လက္ထပ္ထားၿပီး သမီးတစ္ေယာက္လည္းရွိပါတယ္။
သူဟာ စာေရးတာကိုဝါသနာပါၿပီး ဇာတ္လမ္းမ်ားစြာကိုလည္းေရးသားထားသူတစ္ေယာက္ပါ။
ေဖာ္ေ႐ြသေဘာေကာင္းၿပီး အနားမွာရွိတဲ့လူတိုင္းကိုကူညီေပးတတ္တဲ့ပရီယာဒါရွန္ဟာ အၿမဲတမ္းအလုပ္ရႈပ္ေနၿပီး
ဇနီးနဲ႔သမီးအတြက္ေတာင္အခ်ိန္မေပးႏိုင္ျဖစ္ေနေတာ့တာပါပဲ။ တစ္ေန႔မွာေတာ့ သူဟာ ရဲစခန္း၊ဘဏ္၊ေဆး႐ုံနဲ႔ေလဆိပ္ကိုသြားစရာရွိတဲ့အျပင္
မိဘေတြကိုသြားေခၚဖို႔နဲ႔သူရဲ႕ဇာတ္လမ္းကိုထုတ္လုပ္ႏိုင္ဖို႔အတြက္ အေရးတႀကီးေတြ႕ဆုံပြဲတစ္ခုပါရွိေနခဲ့တဲ့အခါမွာ…….
ပရီယာဒါရွန္ဟာ တစ္ေန႔တည္းနဲ႔ သြားစရာရွိတဲ့ေနရာေတြကို ဘယ္လိုမ်ားႀကိဳးႀကိဳးစားစားေရာက္ေအာင္သြားမလဲ၊ အဲဒီေန႔မွာပဲ ဘယ္လို
လူေတြနဲ႔ထပ္မံေတြ႕ႀကဳံရမလဲ၊ သူ႔ရဲ႕အႀကီးမားဆုံးအိပ္မက္၊ေမွ်ာ္မွန္းခ်က္ျဖစ္တဲ့ဇာတ္ကားဖန္တီးမႈကေရာ ဘယ္လိုဆက္ျဖစ္သြားမလဲဆိုတာကို
ဒီဇာတ္လမ္းထဲမွာ ဆက္လက္ၾကည့္ရႈၾကရမွာပါ။
ေအးေအးၿငိမ့္ၿငိမ့္၊ေပါ့ေပါ့ပါးပါးဇာတ္လမ္းေလးျဖစ္ၿပီး ပရီယာဒါရွန္ရဲ႕တစ္ေန႔တာေဆာင္႐ြက္မႈေတြကိုစိတ္ဝင္စားဖြယ္ေတြ႕ရွိရမွာျဖစ္တဲ့အတြက္
ဒီဇာတ္ကားကိုလည္း ၾကည့္ရႈအားေပးလိုက္ၾကပါဦးေနာ္။
Review – KKK
File Size – 1GB,2GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================================
App ေဒါင္းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply