(App only)
(free ကြည့်ချင်သူများ app ကနေကြည့်လို့ရပါတယ်)
##unicode
ရိုမန့်စ်အချစ်ကားလေးတွေကြိုက်တဲ့ပရိသတ်ကြီးတွေအတွက် “Purple Hearts” ဆိုတဲ့အသစ်ထွက်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့ငွေကြေးလိုအပ်ချက်အတွက်လက်ထပ်လိုက်ရတဲ့သူနှစ်ဦးရဲ့အချစ်ရေးခရီးလမ်းလေးကိုနူးနူးညံ့ညံ့လေးရိုက်ကူးပြထားတာဖြစ်ပါတယ်
ကတ်စီဟာဆိုရင်ဆီးချိုရောဂါအဆင့်တစ်ခံစားနေရတဲ့သူဖြစ်ပါတယ် ဘားမှာအလုပ်လုပ်ရင်းနဲ့
အဆိုတော်ဖြစ်ချင်တဲ့သူ့ရဲ့အိပ်မက်လေးကိုအကောင်အထည်ဖော်နေတာပေါ့ နောက်ပိုင်းမှာတော့အိမ်ငှားခတွေရော
ဆေးကုသစာရိတ်တွေရောစုပြုံလာတဲ့အခါငွေရေးကြေးရေးပိုင်းကအရမ်းကိုခက်ခဲလာပါတယ် လုခ်မောရိုးကတော့မရင်းတပ်သားတစ်ယောက်ပေါ့
ဒါပေမယ့်သူဟာလည်းအရင်တုန်းကပြဿနာတွေကြောင့်ငွေချေးတဲ့လူမိုက်တစ်ယောက်ဆီကနေခြိမ်းခြောက်ခံနေရသူဖြစ်ပါတယ်
လုခ်ဟာမရင်းတပ်သားတစ်ယောက်ဖြစ်တဲ့အတွက်အိမ်ထောင်ပြုခဲ့မယ်ဆိုရင်ကျန်းမာရေးအာမခံ၊ ထောက်ပံ့ကြေးအစရှိတဲ့အကျိုးခံစားခွင့်တွေကိုရမှာပါ
ဒါကြောင့်ဆီးချိုရောဂါအတွက်ကျန်းမာရေးအာမခံလိုအပ်နေတဲ့ကတ်စီနဲ့ပိုက်ဆံလိုနေတဲ့လုခ်တို့နှစ်ယောက်ဟာဟန်ဆောင်လက်ထပ်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်
သူတို့နှစ်ယောက်ရဲ့ဟန်ဆောင်ထားတဲ့အိမ်ထောင်ရေးကိုအဆုံးထိဖုံးဖိထားနိုင်ပါ့မလား သူတို့ရဲ့ဆက်ဆံရေးလေးတွေဘယ်လိုမျိုး
တဖြည်းဖြည်းအရောင်ပြောင်းလာမှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply