##unicode
ဒီတစ်ခေါက်မှာတော့အိန္ဒိယဇာတ်ကြမ်းကားလေးတစ်ကားကိုရွေးချယ်ထားပါတယ်
ဒီကားလေးဟာဆိုရင် Box office မှာ ၃၀၆ crore အထိရရှိအောင်မြင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
ပူစပါရာဂျူးဟာမယားငယ်တစ်ယောက်ကမွေးတဲ့သားတစ်ယောက်ဖြစ်တဲ့အတွက်
မျိုးရိုးနာမည်မရှိတဲ့အပြင်အမြဲတမ်းအနှိမ်ခံအပြောခံရတဲ့ဘဝနဲ့နေထိုင်ခဲ့ရတဲ့သူဖြစ်ပါတယ်
အဲ့ဒီအတွက်ကြောင့်မလို့ပူစပါရာဂျူးဟာ လူလေးစားခံရပြီးငွေကြေးချမ်းသာတဲ့သူတစ်ယောက်အမြဲတမ်းဖြစ်ချင်ခဲ့တာပါ
တစ်နေ့မှာတော့ပူစပါရာဂျူးဟာစန္ဒကူးပင်တွေကိုမှောင်ခိုခိုးထုတ်တဲ့ဆီမှာကူလီသမားအဖြစ်ဝင်လုပ်ရင်း
ရဲတွေဖမ်းတာကနေလွတ်အောင်ကူညီပေးနိုင်ခဲ့ပါတယ် ဒီလိုနဲ့ပူစပါရာဂျူးတစ်ယောက်ကူလီသမားလေးဘဝကနေ
သစ်မှောင်ခိုကူးတဲ့နေရာမှာ ၄% အမြတ်ယူပြီးလုပ်ငန်းလုပ်ပေးတဲ့ပါတနာတစ်ယောက်ဖြစ်လာပါတော့တယ်
ဉာဏ်ကောင်းတဲ့ပူစပါရာဂျူးဟာရဲတွေလက်ထဲကနေအမျိုးမျိုးကြံဖန်ပြီးလွတ်အောင်လုပ်ပေးနိုင်တဲ့အတွက်
စန္ဒကူးပင်တွေကိုမှောင်ခိုကူးတဲ့သူဌေးကြီးတွေကလည်းမျက်စိကျလာပါတော့တယ်
ဒီလိုနဲ့ပူစပါရာဂျူးတစ်ယောက်ဘဝမှာတိုးတက်လာတယ်လို့ပြောလို့ရတဲ့အခြေအနေကိုရောက်လာပါတော့တယ်
ပူစပါရာဂျူးအနေနဲ့ဒီလိုပဲရဲတွေမဖမ်းမိအောင်ရှောင်တိမ်းရင်းနေသွားနိုင်မလား
မှောင်ခိုသမားတို့သွားရာလမ်းအတိုင်းပဲထောင်ထဲမှာအဆုံးသတ်ရမလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ
ဆက်လက်ကြည့်ရှုပေးကြပါဦးနော်
##zawgyi
ဇာတ်လမ်းအကျဉ်းကတော့
Review – Hmue
File Size – 1.6GB,2.7GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action.Aventure,Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Upload on Youtube
Leave a Reply