##unicode
Netflix ကနေထွက်ရှိလာတဲ့ “Qala” ဆိုတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
psychological drama အမျိုးအစားဖြစ်ပြီးတော့ တွေးစရာလေးတွေအများကြီးပါဝင်နေတဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပါတယ်
၁၉၆၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပြီးတော့ ကာလာဆိုတဲ့မိန်းကလေးရဲ့အနုပညာလမ်းကြောင်းဖြတ်သန်းပုံနဲ့ ဘဝအကြောင်းလေးပဲဖြစ်ပါတယ်
ကာလာရဲ့မိခင် အူမီလာမန်ဂျူရှရီဟာကာလာနဲ့အမြွှာမွေးဖွားခဲ့တဲ့သားဖြစ်သူကိုဆုံးရှုံးပြီးတဲ့နောက်ပိုင်း တစ်ဦးတည်းကျန်တဲ့ကာလာအပေါ်ကိုလည်း
အေးစက်သွားခဲ့ပါတယ် ကာလာအပေါ်ကိုအမြဲတမ်းတင်းကြပ်ပြီး သူ့ရဲ့ပုံစံခွက်အတိုင်း ပုံသွင်းနေပေမယ့်လည်း အမြဲတမ်းကျေနပ်နေတယ်မရှိခဲ့ပါဘူး
ကြားထဲဂျာဂန်ဆိုတဲ့သူရဲ့ အဆိုအရည်အချင်းကို ကာလာရဲ့မိခင်ဖြစ်သူက သဘောကျသွားတဲ့အခါ ကာလာနဲ့ သူ့အမေရဲ့ ဆက်ဆံရေးက
ပိုလို့တောင် ဆိုးရွားသွားခဲ့ပါတယ်
ဒီကားလေးထဲမှာဆိုရင် ကာလာရဲ့အတွင်းစိတ်အားပြိုင်မှု၊ သူ့အမေရဲ့ဖိအားပေးမှုကြောင့်ဖြစ်လာခဲ့တဲ့ စိတ်အခြေအနေ၊ လမ်းမှားကိုလျှောက်မိတာကြောင့်
အပြစ်ရှိစိတ်ခံစားရပုံတွေကို သေချာလေးတင်ပြထားနိုင်တာကိုတွေ့ရပါတယ် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်ကားလက်ရာကောင်းကိုခံစားချင်သူတွေအတွက်
ကိုက်ညီမယ့်ဇာတ်ကားကောင်းလေးတစ်ကားမလို့ ကြည့်ရှုအားပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Leave a Reply