##unicode
နာမည်ကျော်မင်းသား Prabhas နဲ့ မင်းသမီး Pooja Hegdeပါဝင်သရုပ်ဆောင်ထားတဲ့
နောက်ဆုံးထွက်အချစ်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဖူးစာပါလို့ချစ်သူတွေဆုံတွေ့တတ်ကြပေမယ့် ဖူးစာမပါလာတဲ့လူနှစ်ယောက်ဆုံတွေ့ခဲ့ကြပြီး ကံကြမ္မာအတိုင်းမဟုတ်ဘဲ
ချစ်မိသွားတဲ့အခါဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပါ
အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တဲ့နာမည်ကြီး လက္ခဏာကြည့်ပညာရှင် အာဒိတရာနဲ့ ဆရာဝန်မလေး ပရီနာဟာ အီတလီမှာဆုံခဲ့ကြပါတယ်
အာဒိတရာဟာ အနာဂတ်ကိုကြိုသိနိုင်တဲ့လူဖြစ်တာကြောင့် သူ့လက္ခဏာမှာအချစ်ရေးလမ်းကြောင်းမပါတာကို သူသိခဲ့ပါတယ်
ဒါကြောင့် သူက ဘယ်သူ့ကိုမှချစ်နိုင်မှာမဟုတ်ဘူးဆိုပြီး ကောင်မလေးတွေကိုအပျော်ပဲတွဲခဲ့တာပေါ့
ပရီနာနဲ့ဆုံတဲ့တစ်နေ့မှာတော့ ချစ်မိသွားဖို့မရည်ရွယ်ပဲချစ်မိသွားခဲ့တဲ့အခါ…
လက္ခဏာပညာရှင်တစ်ယောက်က ကိုယ့်လက္ခဏာကပြထားတဲ့ကံကြမ္မာကိုဆန့်ကျင်ပြီး သူ့အချစ်ရေးခရီးလမ်းကို
ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဒီအချစ်ဇာတ်ကားကောင်းလေးမှာခံစားကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1.4GB,2.6GB
Format…mp4
Quality : 720p WED-DL ,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
=========================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply