##unicode
ဒီတစ်ခါမှာတော့ imdb 8.8/10တောင်ရရှိထားတဲ့ အက်ရှင်စပိုင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စပိုင်ဇာတ်ကားဆိုပေမယ့် ဟာသလေးတွေလည်းပါလို့
ရသအစုံအလင်နဲ့ကြည့်ရမယ့်ဇာတ်ကားကောင်းပါပဲ
ဇာတ်လမ်းအကျဉ်းကတော့ NIA အေးဂျင့် ဗစ်ကရမ်တို့အဖွဲ့ဟာ နာမည်ကြီးလူဆိုး ဂူရုနာရာရန်ရဲ့ဂိုဏ်းကို
လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံခြားသားတစ်ယောက်ကိုဖမ်းမိခဲ့ပါတယ် အဲဒီနိုင်ငံခြားသားက
ဂူရုနာရာရန်ရဲ့ဝန်ကြီးကိုလုပ်ကြံမယ့်အစီအစဉ်ကိုပြောပြနေတုန်းမှာပဲ ဗစ်ကရမ်က သူ့ကိုမတော်တဆသတ်လိုက်မိပါတယ်
ဒါကြောင့် NIAရဲ့အမှားကိုလည်းမပေါ်အောင် ဝန်ကြီးရဲ့အသက်အန္တရာယ်လည်းမထိခိုက်အောင် ဗစ်ကရမ်က
ဝန်ကြီးရဲ့အိမ်အနီးအနားမှာခိုးနေပြီး လျို့ဝှက်သက်တော်စောင့်လိုမျိုးဖြစ်လာခဲ့ပါတယ်
ဝန်ကြီးရဲ့အိမ်နဲ့ရင်းနှီးအောင် ဗစ်ကရမ်ကြိုးစားပုံတွေ ဝန်ကြီးသမီးနဲ့ ဗစ်ကရမ်ငြိစွန်းပြီး သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုပါ
ဒီဇာတ်ကားမှာမြင်တွေ့ရဦးမှာပါ နောက်ပိုင်းမှာလှည့်ကွက်တွေလည်းအများကြီးပါတာမို့
ဒီဇာတ်ကားကတော့ အက်ရှင် ဟာသ အချစ်ရသစုံလင်တဲ့ဇာတ်ကားကောင်းပဲမို့ လက်မလွှတ်တမ်းကြည့်ရူလိုက်ကြပါဦးနော်
##zawgyi
Review – Hmue
File Size – 2.7GB,1.5GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action,Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
Leave a Reply