ရိုးရိုးအေးအေး လူလတ်တန်းစားမိသားစုထဲက ကောင်လေးတစ်ယောက်ဟာ မြို့ခံလူမိုက်ကြီးကို
ကိစ္စတစ်စုံတစ်ရာကြောင့် လူပုံအလယ်မှာတင် သတ်ပစ်လိုက်ပါတော့တယ်…
တစ်မြို့လုံးက ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတဲ့ လူမိုက်ကြီးကို သတ်ပစ်လိုက်တဲ့အတွက်
အဲ့ဒီနေ့ကစပြီး မြို့နေ ကလေးကအစ လူကြီးအဆုံး သတိထားမိလာပြီး အဲ့ဒီကောင်လေးဟာ
နေ့ချင်းညချင်း နာမည်ကြီးလာပါတော့တယ်…
တစ်ဖက်မှာလည်း ကောင်လေးရဲ့နာမည်အရှိန်အဝါနဲ့လုပ်စားလာတဲ့ ဆိုးသွမ်းမှုတွေ ရှိလာပြန်တယ်…
ဖခင်လူမိုက်ကြီးကို သတ်ပစ်လိုက်တဲ့အတွက် သားဖြစ်သူကလည်း သူ့ကို သတ်ပစ်ဖို့ ကြံပါတော့တယ်…
တခြားလူမိုက်ဂိုဏ်းစုတွေကလည်း အင်အားချင်းယှဉ်ရင်း သူ့ကိုရှင်းပစ်ချင်လာတဲ့အခါ
ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုတော့ လှည့်ကွက်လေးတချို့နဲ့ ခံစားကြည့်ကြပါဦးဗျာ…
Leave a Reply