##unicode
ပညာပေးဇာတ်ကားတွေအများဆုံးရိုက်တတ်တဲ့မင်းသားအက်ရှေကူးမားကြီးရဲ့
ဒီတစ်ခေါက်မှာလည်းအိန္ဒိယနိုင်ငံအတွင်းကသတို့သမီးက သတို့သားကိုတင်တောင်းရတဲဓလေ့ထုံးစံ၊
သမီးမိန်းကလေးတွေကိုဝန်ထုပ်ဝန်ပိုးတစ်ခုလိုနှိမ့်ချစရာတစ်ခုလိုထင်တတ်တဲ့အယူအဆကိုမှားယွင်းကြောင်းထောက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်လမ်းထဲမှာတော့အက်ရှေကူးမားကြီးက လာလာကီဒါနာဆိုတဲ့ညီမလေးယောက်ကိုမင်္ဂလာဆောင်ပေးရမယ့်အစ်ကိုကြီးနေရာကနေ
သရုပ်ဆောင်ထားပါတယ် အိန္ဒိယမှာဓလေ့ထုံးစံအရ သမီးပျိုတွေမင်္ဂလာဆောင်တဲ့အခါ သမီးရှင်တွေဘက်ကတင်တောင်းငွေကိုပေးရပါတယ်
အဲဒါကြောင့်မိဘတွေကလည်းသမီးထက်သားကိုပဲပိုလိုချင်ကြတယ် နေရင်းနဲ့သမီးတွေက အနှိမ်ခံရတယ်
ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဆက်ဆံခံရတယ် တင်တောင်းငွေပေးပြီးတော့လည်းပြီးသွားတာလားဆိုတော့ ယောက္ခမအိမ်ဘက်က
ပွဲတော်တွေ မင်္ဂလာဆောင်တွေ အခမ်းအနားတွေရှိတိုင်း အမြဲတမ်းလက်ဆောင်ပစ္စည်းတွေပေးနေရတဲ့အခါ
သမီးမိန်းကလေးတွေဆိုတာတစ်ဘဝလုံးခက်ခဲနေရတာပေါ့ ဒီမှာဆိုရင်လည်းညီမတွေမင်္ဂလာဆောင်ပြီးမှ
အိမ်ထောင်ပြုမယ်လို့ကတိပေးထားတဲ့ကီဒါနာဟာညီမတွေရဲ့တင်တောင်းငွေကြောင့်ခါးကျိုးအောင်ပိုက်ဆံရှာနေရတာပေါ့
သူ့မိခင်ကိုပေးခဲ့တဲ့ကတိအတိုင်းသူ့ညီမတွေကို လက်ထပ်ပေးနိုင်ပါ့မလား
အစ်ကိုကြီးတစ်ယောက်အနေနဲ့ဘယ်လိုလောကဓံတွေကိုအံတုရဦးမလဲဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
ရသအစုံနဲ့ကြည့်ရှုရမယ့်အပြင် ပညာပေးဇာတ်ကားလေးလည်းဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်
##zawgyi
ပညာေပးဇာတ္ကားေတြအမ်ားဆုံး႐ိုက္တတ္တဲ့မင္းသားအက္ေရွကူးမားႀကီးရဲ႕
ဒီတစ္ေခါက္မွာလည္းအိႏၵိယႏိုင္ငံအတြင္းကသတို႔သမီးက သတို႔သားကိုတင္ေတာင္းရတဲဓေလ့ထုံးစံ၊
သမီးမိန္းကေလးေတြကိုဝန္ထုပ္ဝန္ပိုးတစ္ခုလိုႏွိမ့္ခ်စရာတစ္ခုလိုထင္တတ္တဲ့အယူအဆကိုမွားယြင္းေၾကာင္းေထာက္ျပထားတဲ့ဇာတ္ကားေကာင္းေလးတစ္ကားကို တင္ဆက္ေပးလိုက္ပါတယ္
ဒီဇာတ္လမ္းထဲမွာေတာ့အက္ေရွကူးမားႀကီးက လာလာကီဒါနာဆိုတဲ့ညီမေလးေယာက္ကိုမဂၤလာေဆာင္ေပးရမယ့္အစ္ကိုႀကီးေနရာကေန
သ႐ုပ္ေဆာင္ထားပါတယ္ အိႏၵိယမွာဓေလ့ထုံးစံအရ သမီးပ်ိဳေတြမဂၤလာေဆာင္တဲ့အခါ သမီးရွင္ေတြဘက္ကတင္ေတာင္းေငြကိုေပးရပါတယ္
အဲဒါေၾကာင့္မိဘေတြကလည္းသမီးထက္သားကိုပဲပိုလိုခ်င္ၾကတယ္ ေနရင္းနဲ႔သမီးေတြက အႏွိမ္ခံရတယ္
ဝန္ထုပ္ဝန္ပိုးတစ္ခုလိုဆက္ဆံခံရတယ္ တင္ေတာင္းေငြေပးၿပီးေတာ့လည္းၿပီးသြားတာလားဆိုေတာ့ ေယာကၡမအိမ္ဘက္က
ပြဲေတာ္ေတြ မဂၤလာေဆာင္ေတြ အခမ္းအနားေတြရွိတိုင္း အၿမဲတမ္းလက္ေဆာင္ပစၥည္းေတြေပးေနရတဲ့အခါ
သမီးမိန္းကေလးေတြဆိုတာတစ္ဘဝလုံးခက္ခဲေနရတာေပါ့ ဒီမွာဆိုရင္လည္းညီမေတြမဂၤလာေဆာင္ၿပီးမွ
အိမ္ေထာင္ျပဳမယ္လို႔ကတိေပးထားတဲ့ကီဒါနာဟာညီမေတြရဲ႕တင္ေတာင္းေငြေၾကာင့္ခါးက်ိဳးေအာင္ပိုက္ဆံရွာေနရတာေပါ့
သူ႔မိခင္ကိုေပးခဲ့တဲ့ကတိအတိုင္းသူ႔ညီမေတြကို လက္ထပ္ေပးႏိုင္ပါ့မလား
အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ဘယ္လိုေလာကဓံေတြကိုအံတုရဦးမလဲဆိုတာကိုဇာတ္လမ္းထဲမွာဆက္လက္ၾကည့္ရႈလိုက္ၾကပါဦး
ရသအစုံနဲ႔ၾကည့္ရႈရမယ့္အျပင္ ပညာေပးဇာတ္ကားေလးလည္းျဖစ္လို႔လက္မလႊတ္တမ္းၾကည့္ရႈသင့္တဲ့ဇာတ္ကားေလးျဖစ္ပါတယ္
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply