Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီး
M60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။
အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။
IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။
အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။
ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက်
ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။
ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Rambo ဟာ
အိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီး
သူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါ
သေဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။
လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး
အဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး
မရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါ
ရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။
သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့်
ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။
[Zawgyi]
Rambo ဆုိတာနဲ႔ ေခါင္းမွာ အဝတ္စည္းျပီး
M60 ၾကီးကုိင္ထားတဲ့ Stallone ပုံကုိေျပးျမင္ၾကမွာေသခ်ာပါတယ္။
အဲဒါေၾကာင့္ဒီကားနဲ႔အထူးမိတ္ဆက္ေပးစရာမလုိေတာ့ဘူးထင္ပါတယ္။
IMDB Rating 7.7 ရရွိထားတဲ့ဇာတ္ကားေလးပါ။
အက္ရွင္ကားပရိတ္သတ္ေတြအတြက္ အေတာ္အၾကိဳက္ေတြ႕ၾကမွာေသခ်ာပါတယ္။
ၾကည့္ျပီးသူေတြမ်ားမယ္ဆုိေပမယ့္ မၾကည့္ရေသးတဲ့သူေတြအတြက္
ဇာတ္လမ္းအက်ဥ္းေလးေျပာပါဦးမယ္။
ဗီယက္နမ္စစ္ျပန္တစ္ေယာက္ျဖစ္တဲ့ John.J. Rambo ဟာ
အိမ္ေျခရာမဲ့ေလွ်ာက္သြားေနသူတစ္ေယာက္ျဖစ္ေနျပီး
သူ႕ရဲ႕တစ္ဦးတည္းေသာစစ္ျပန္သူငယ္ခ်င္းဆီ သြားတဲ့အခါ
ေသဆုံးသြားေၾကာင္းကုိၾကားလုိက္ရပါတယ္။
ေလလြင့္ေနရင္း နယ္ျမိဳ႕ေလးတစ္ျမိဳ႕ကုိေရာက္သြားျပီး
အဲဒီျမိဳ႕က ေဒသခံရဲမႈး နဲ႔ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အာဏာအလြဲသုံးစားလုပ္ျပီး
မရွိတဲ့အမႈကုိရွာၾကံျပီး တရားစြဲဖုိ႔ၾကိဳးစားေနျပီး အႏိုင့္အထက္လုပ္တာကုိခံရတဲ့အခါ
ရဲစခန္းက ထြက္ေျပးခဲ့ပါတယ္။
သူ႕အသက္ကုိသတ္ဖုိ႔ၾကိဳးစားလာတဲ့အထိျဖစ္လာတာေၾကာင့္
ျပန္လည္တုံ႔ျပန္ခဲ့ပုံကုိေတာ့ ဇာတ္ကားမွာၾကည့္ပါဗ်ာ။
Leave a Reply