John Rambo တစ်ယောက် သူလုပ်ခဲ့တဲ့ကိစ္စတွေကြောင့်
အပြစ်ပေးခံနေရစဉ်မှာ
အဖေလိုအားကိုးရတဲ့ သူ့ရဲ့အထက်အရာရှိဟောင်း Colonel Trautman က
လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို လုပ်ပေးဖို့ကမ်းလှမ်းပါတယ်။
ဗီယက်နမ်ကိုပြန်သွားပြီး စစ်သုံ့ပန်းတွေကိုဖမ်းထားမထား စုံစမ်းခိုင်းလိုက်တာပါ။
သတင်းပို့ပေးဖို့ပဲ တာဝန်ရှိပေမယ့် Rambo က သုံ့ပန်းတွေထဲကတစ်ယောက်ကိုကယ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ စစ်ဆင်ရေးခေါင်းဆောင်ဖြစ်တဲ့ Mardock ကသစ္စာဖောက်လိုက်လို့ အဖမ်းခံရသွားပါတယ်။
အဖမ်းခံရတဲ့ထဲက လွတ်အောင်ဘယ်လိုလုပ်လဲ …
ဘယ်လိုပြန်သွားနိုင်မလဲ …
သုံ့ပန်းတွေကိုကယ်နိုင်ပါမလားဆိုတာတော့ ကြည့်လိုက်ကြပါတော့…
Leave a Reply