2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …
Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။
သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။
2011 ေအာ္စကာ ဆုေပးပြဲမွာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတြန္းဇာတ္လမ္းေလးက ကြၽန္ေတာ္ ႀကိဳက္တဲ့ ဇာတ္လမ္းေလးေတြထဲမွာ ထိပ္ဆုံးေနရာကပဲ …။ ဘာလို႔လဲဆိုေတာ့ ကာတြန္းကားဆိုေပမယ့္ အဓိပၸာယ္အရမ္းျပည့္၀ ေနလို႔ပဲ …
Rango ဆိုတာ က ပုတ္သင္ေလးတစ္ေကာင္ရဲ႕ နာမည္ေပါ့ ..။ ေလာကႀကီးအတြက္သူရဲေကာင္း ျဖစ္ခ်င္ေနတဲ့ စိတ္ကူးယဥ္သမား ပုတ္သင္ေလးေပါ့ …။ သူ႔ ရဲ႕ အႀကီးမားဆုံးေမွ်ာ္လင့္ခ်က္က သူရဲေကာင္းအျဖစ္နဲ႔ မင္းသမီးေလးကို ကယ္တင္ႏိုင္ဖို႔ …။ အၿမဲတမ္းစိတ္ကူးယဥ္ေနတက္တဲ့ သူပဲ …။ မေမွ်ာ္လင့္ထားတဲ့ ျဖစ္ရပ္နဲ႔ သူဟာ သဲကႏၲာရထဲမွာ ေသာင္တင္ခဲ့ရတယ္ …။ ၿပီးေတာ့ ေရျပတ္လပ္မႈ ျပသနာ ျဖစ္ေနတဲ့ ၿမိဳ႕ငယ္ေလးကို ေရာက္သြားတယ္ …။ ကိုယ္တိုင္ကသာ ဘာမွ မဟုတ္တာ ပါးစပ္က ေတာ္ကီ ေကာင္းတဲ့ေကာင္ ဆိုေတာ့ ၿမိဳ႕ခံလူေတြဆီက အထင္ႀကီး ယုံၾကည္မႈကို ယူႏိုင္ခဲ့တယ္ …။ သူတို႔ ၿမိဳ႕ေလးကို အဓိက ရန္ရွာေနတဲ့ ငွက္ႀကီးကိုလည္း Rango က လြဲေခ်ာ္မႈေတြနဲ႔ ရွင္းပစ္လိုက္ႏိုင္ေလေတာ့ ပိုလို႔ အထင္ႀကီးခံရတယ္ …။ ၿမိဳ႕ေလးထဲက လူေတြက သူ႔ကို သူရဲေကာင္း အျဖစ္သတ္မွတ္လိုက္ၿပီး … သူတို႔ ၿမိဳ႕ရဲ႕ ဒုကၡေတြကို ကယ္တင္ႏိုင္မယ့္ သူအျဖစ္ ကိုးစားလာၾကတယ္ေပါ့ဗ်ာ …တကယ္တမ္း ေတာ့ Rango ဟာ သူရခ်င္တဲ့ သူရဲေကာင္း အမည္ရလာေပမယ့္ သူရဲေကာင္း ျဖစ္ေအာင္ ႀကိဳးစားရာမွာေတာ့ ျပသနာေတြ အမ်ားႀကီး ႀကဳံလာရပါတယ္ …။
သူရဲေကာင္းေဆာင္ေနတဲ့ Rangoတစ္ေယာက္ ၿမိဳ႕ကလူေတြ သိသြားတဲ့အခါ ဘယ္လို ျပသနာေတြ ႀကဳံေတြ႕ရမွာလဲ၊သူရဲေကာင္းဆိုတာ ဘယ္လို အဓိပၺယ္ဆိုတာေရာ နားလည္သြားႏိူင္ပါ့မွာလားဆိုတာ စိတ္ဝင္စားစရာပါ။ ေနာက္ထပ္ ၾကည့္သင့္တဲ့အခ်က္တစ္ခုကေတာ့ ဒီ Rangoဆိုတဲ့ ပုတ္သင္ညိဳကို Johnny Deepရဲ႕ လႉပ္ရွားပုံကို အေၿခံၿပီး႐ိုက္ထားတာမို႔ ၾကည့္ေကာင္းမွာ ေသခ်ာပါတယ္။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ္ေတြအတြက္ စိတ္ေက်နပ္မႉ ရေစမွာ ေသခ်ာပါတယ္။
Leave a Reply