Alpha Premium

1983

Barefoot Gen (1983) 8.0
Barefoot Gen (1983) Barefoot Gen (1983) Old but Gold ကားကောင်းလေးနဲ့ မိတ်ဆက်ပေးမယ်နော်။ တကယ့်ကို ကြည့်လို့ကောင်းတဲ့ကားဆိုတာထက် ပိုပါတယ်။Imdb rating လည်း 8/10တောင် ရရှိထားတဲ့ ကားလးတစ်ကားပါ။ ဟီရိုရှီးမားဗုံးကြဲခံရတဲ့ကိစ္စလို့ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ ဟုတ်ပါတယ် ဒီကားကတော့ 1945 ခုနှစ်က ဟီရိုရှီးမား ဗုံးကြဲခံရတဲ့ ဖြစ်ရပ်ကို အခြေခံရိုက်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီကားမှာတော့ သနားစရာ မိသားစုအကြောင်းကို မြင်တွေ့ရမှာပါ။ အဲ့ဒီ ဗုံးပေါက်ကွဲမှုရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတဲ့ ဂျပန်ပြည်သူပြည်သားတွေရဲ့ ဘဝကို ထင်ဟပ်ပြထားတာမို့ အရမ်းဝမ်းနည်းစရာ မြင်ကွင်းတွေကိုပါ တွေ့မြင်ခံစားရမှာပါ။ ဇာတ်လမ်းကတော့ ဆင်းရဲသား မိသားစု 5 ယောက်ရဲ့ ဘဝကို အဓိက ရိုက်ကူးထားတာပါ။ မိသားစု 5 ယောက်ဆိုပေမယ့် မိခင်ဖြစ်သူက ကိုယ်ဝန်မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဟီရိုရှီးမား ဗုံးကြဲခံထိတော့ ဖခင်ရယ်၊ သားသမီး နှစ်ယောက်က သေဆုံးသွားကြတယ်။ မိခင်ဖြစ်သူနဲ့ ဂျန်ပဲ ကျန်ခဲ့ပါတယ်။ သားအမိနှစ်ယောက် ဗုံးကြဲခံထိထားတဲ့ ...
8.0
IMDB: 8.0/10 6,717 votes
movie

Barefoot Gen (1983)

1983
Premium
Scarface 8.3
Scarface Scarface(1983) ************** IMDb…8.3,,,,,Rotten …..82% Al Pacino ပါတယ် …Rating တွေကလည်း အတော်ကောင်း ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်….ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့ အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်…သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်… ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး…ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတား Al Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ် …သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီး ရိုက်ကူးထားပါတယ်…..အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့ အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေး ဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်.. တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင် မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်…ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့ မူးယစ်ရာဇာဖြစ်သွားပါတော့တယ်…ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး….
8.3
IMDB: 8.3/10 706,314 votes
movie

Scarface

1983
Premium