အခုတစ်ခေါက်တင်ဆက်ပေးထားတဲ့ Rising Free ဆိုတဲ့ဇာတ်ကားလေးထဲမှာတော့ ၁၉ရာစု အမေရိကန်ပြည်သူတွေရဲ့ စစ်ပွဲတွေ သူပုန်ရန်တွေကြား ရုန်းကန်ရပုံတွေ ဒုက္ခတွေကြားက မျှော်လင့်ချက်နဲ့ရှင်သန်ရတာတွေကို ရိုက်ကူးပုံဖော်ထားတာ တွေ့ရမှာပါ။
ဘဝကိုကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတဲ့ Nakomay ဆိုတဲ့ မိန်းကလေးဟာ အော်ရီဂွန်ပြည်နယ်က သူပုန်တွေလက်ချက်နဲ့ မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်။
မိသားစုကိုဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် ခံစားနေရတဲ့ Nakomay ကို ကယ်တင်ခဲ့တဲ့ Ethel ိုတို့မိသားစုဟာ Nakomay ခံစားနေရတာကို ကူညီပေးရင်း မျှဝေခံစားပေးခဲ့ပါတယ်။
Ethel တို့မိသားစုဟာလည်း စစ်ပွဲကြားက ထွက်ပြေးကာ နာကျင်စရာအတိတ်တွေကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ သူတွေပါပဲ။
ဒီဇာတ်လမ်းလေးထဲမှာတော့
သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ယူကြုံးမရဖြစ်နေတဲ့ Nakomay
အတိတ်ဆိုးတွေကြားက မိသားစုပေါင်းစည်းနိုင်ရေးအတွက် ဖျောင်းဖျရင်း အေးချမ်းအောင်နေတတ်သူ Ethel
အားငယ်နေတဲ့Nakomay ကို ကာကွယ်စောင့်ရှောက်ရင်း Nakomay ကိုချစ်မိသွားတဲ့ Banjamin
စစ်ပွဲကြား မိမိကြောင့် မိခင်သေဆုံးသွားရတဲ့အတွက် လေလွင့်နေတဲ့ James
စတဲ့ဇာတ်ကောင်တွေနဲ့ 1887 ခုနှစ် သူပုန်တွေကြား ရှောင်ပုန်းနေရတဲ့ ကပြားကောင်မလေးရဲ့ဘဝကို မြင်တွေ့ရရုံသာမက Nakomay နဲ့ Bajamin ကြားက နူးညံ့တဲ့ချစ်ခြင်းနဲ့ လူသားတွေရဲ့ ခွင့်လွှတ်မှု ယုံကြည်မှု မျှော်လင့်ချက်တို့ကိုရိုက်ကူးပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
Leave a Reply